ပြန်အမ်းငွေထုတ်ပေးခြင်းဆိုင်ရာ စည်ကမ်းနှင့်သတ်မှတ်ချက်များ

  • ပြန်အမ်းငွေလျှောက်ထားခြင်းကို လေယာဉ်လက်မှတ်၏ သတ်မှတ်သက်တမ်းကာလအတွင်း လျှောက်ထားရမည်။
  • လက်မှတ်ပြန်အမ်းငွေ လျှောက်ထားခြင်းအတွက် တစ်ခုလုံး (လုံးဝ) အသုံးမပြုရသေးသည့် လက်မှတ်များသာ အကျုံးဝင်မည်ဖြစ်သည်။
  • ဤပြန်အမ်းငွေဝန်ဆောင်မှုသည် Website, Mobile App နှင့် Chatbot တို့မှတဆင့် ဝယ်ယူသည့် လေယာဉ်လက်မှတ်များအတွက်သာဖြစ်သည်။
  • ပြန်အမ်းငွေလျှောက်ထားခြင်းကို အတည်ပြုထားသည့်ခရီးသွားရက်မတိုင်မီ ၃ ရက်ကြိုတင် လျှောက်ထားရမည်။
  • ပြန်အမ်းငွေလျှောက်ထားသည့်ကိစ္စ တစ်ခုချင်းစီအပေါ်မူတည်၍ ပြန်အမ်းငွေထုတ်ပေးရေး လုပ်ငန်း စဉ်သည် ခန့်မှန်းခြေ ရက်သတ္တပတ် ၈ ပတ်ခန့်အထိ ကြာမြင့်နိုင်သည်။
  • ပြန်အမ်းငွေဆောင်ရွက်မှုသည် လုပ်ငန်းစတင်သည်နှင့် လုပ်ငန်းစတင်သည်နှင့် ပြန်လည်ပယ်ဖျက် ခြင်း မပြုနိုင်ပါ။
  • ပြန်အမ်းငွေဆိုင်ရာသတ်မှတ်ချက်များ -
    • မိမိဆန္ဒအလျှောက်ပြန်အမ်းငွေလျှောက်ထားမှု - လေယာဉ်လက်မှတ်နှုန်းထား၏ စည်ကမ်း ချက်များနှင့်အညီဆောင်ရွက်သည် (ပြန်အမ်းငွေလျှောက်ထားနိုင်ခွင့်ရှိသော လေယာဉ် လက်မှတ်များသာ လျှောက်ထားရန်)
    • မိမိဆန္ဒအလျှောက်မဟုတ်ပဲ လေကြောင်းခရီးစဉ်ဖျက်သိမ်းခြင်းအတွက် ပြန်အမ်းငွေ လျှောက်ထားမှု - ပြန်အမ်းငွေထုတ်ပေးသည်၊ ကျသင့်စရိတ်စကများ ကင်းလွတ်/ လျှော့ ပေါ့ခွင့်ပြုသည်။
  • အသုံးပြုခွင့်သက်တမ်းကုန်ဆုံးပြီးဖြစ်သောလက်မှတ်များသည် အသုံးမဝင်တော့ပဲ ပြန်အမ်းငွေ လျှောက်ခြင်း၊ ပယ်ဖျက်ခြင်း (သို့မဟုတ်) လဲလှယ်ခြင်း မပြုလုပ်နိုင်ပေ။
  • ရုံးချုပ်နှင့် ရုံးခွဲများတွင် ပြန်အမ်းငွေထုတ်ပေးခြင်းများအတွက် ခရီးသည်များမှ နိုင်ငံသားစိစစ်ရေး ကဒ်ပြား၊ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင် တင်ပြရမည်။
    လူကိုယ်တိုင်လာရောက်ထုတ်ယူမည် (သို့မဟုတ်) ဘဏ်အကောင့်သို့ လွှဲပြောင်းပေးရမည်ကို လေကြောင်းလိုင်းသို့ စာ/ သတင်းစကား ပေးပို့အကြောင်းကြားရန် မေတ္တာရပ်ခံအပ်ပါသည်။
  • Website, Mobile App နှင့် Chatbot များအတွက် ပြန်အမ်းငွေများကို မူလငွေပေးသွင်းစဉ်က အသုံးပြုခဲ့သည့်နည်းလမ်းအတိုင်း ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

အောက်တွင်ပါရှိသည့် Submit Button ကို နှိပ်ခြင်းဖြင့် ကျွနု်ပ်တို့၏ ပြန်အမ်းငွေဆိုင်ရာသတ်မှတ် ချက်များအား သဘောတူညီကြောင်းဖော်ပြပါ။