လက်ဆွဲအိတ်ခွင့်ပြုချက်

မည်သည့် MAI လေကြောင်းခရီးစဉ်တွင်မဆို လက်ဆွဲခရီးဆောင်အိတ်တစ်ခုကို လေယာဉ်ပေါ်သို့ ယူဆောင်နိုင်သည်။ ဥပမာအားဖြင့် ခရီးဆောင်အိတ်ငယ်တစ်ခု၊ စားပွဲတင်ကွန်ပြူတာတစ်လုံး သို့မဟုတ် ရုံးသုံးလက်ဆွဲအိတ်တစ်လုံးဖြစ်သည်။ လက်ဆွဲခရီးဆောင်အိတ်သည် အလျား x အနံ x အမြင့် ထုထည်ပမာဏ ၅၈ x ၃၄ x ၂၃ စင်တီမီတာထက် ကျော်လွန်ခြင်း မရှိရပေ။ လက်ဆွဲခရီးဆောင်အိတ်အတွက် အများဆုံးခွင့်ပြုအလေးချိန်မှာ ၇ ကီလိုဂရမ်ဖြစ်သည်။ သင်နှင့်အတူ လေယာဉ်ပေါ်သို့ အောက်ပါပစ္စည်းများကို ယူဆောင်နိုင်သည် -

ကုတ်အင်္ကျီတစ်ထည်၊ ထီးတစ်ချောင်း၊ လမ်းလျှောက်တုတ်/ ချိုင်းထောက် တစ်ခု၊ ကင်မရာတစ်လုံး၊ မှန်ပြောင်းတစ်လက်၊ သင့်လျော်သည့်အရေအတွက်ရှိ စာအုပ်နှင့် မဂ္ဂဇင်းများ၊ ကလေးခြင်းတောင်းတစ်လုံး (သို့မဟုတ်) ခေါက်နိုင်သော ကလေးလက်တွန်းလှည်းတစ်စီးနှင့် သင့်လျော်သောအရေအတွက်ရှိ ကလေးစားစရာများ။

ခရီးသည်အားလုံးသည် အတည်ပြုချက် အကြောင်းကြားစာအပေါ်တွင် ဖော်ပြထားသော ခရီးဆောင်အိတ်/ ပစ္စည်း ခွင့်ပြုချက်အတိုင်း ခံစားကြရမည်ဖြစ်သည်။ ခရီးဆောင်အိတ်/ ပစ္စည်းခွင့်ပြုချက်မှာ အောက်ပါပုံစံနှစ်မျိုးဖြင့် ခွင့်ပြုပေးသည် -

  • အရေအတွက်နည်းလမ်း (Piece concept)
  • အလေးချိန်နည်းလမ်း (Weight concept)

အရေအတွက်နည်းလမ်း (Piece concept)

 အရေအတွက်နည်းလမ်း (Piece concept) ကို MAI ဖြင့် လိုက်ပါသည့် ခရီးသည်များသည် အမေရိကန်နှင့် ကနေဒါ အသွား/ အပြန် (မရပ်မနား) ပျံသန်းပြေးဆွဲနေသည့် အခြားလေကြောင်းလိုင်းများသို့ လွှဲပြောင်းလိုက်ပါသည့်အခါတွင်သာ ကျင့်သုံးသည်။

အရေအတွက်နည်းလမ်းဖြင့် အခမဲ့ခွင့်ပြုချက်

  • Economy Class (ရိုးရိုးတန်း) တွင် လိုက်ပါသည့် ခရီးသည်တိုင်းသည် အများဆုံးထုထည်ပမာဏ (အလျား x အနံ x အမြင့်) ၁၅၈ ကုဗစင်တီမီတာ ထက်မပိုသောနှင့် အလေးချိန် ၂၃ ကီလိုဂရမ် ထက်မပိုသော ခရီးဆောင်အိတ်/ ပစ္စည်း ၂ ခုကို အခမဲ့သယ်ဆောင်ခွင့်ရမည်ဖြစ်သည်။
    ရင်ခွင်ပိုက်ကလေးငယ်တိုင်းအတွက် Baby Buggy၊ Stroller၊ Push chair စသည့် ကလေးလက်တွန်းလှည်းတစ်မျိုးမျိုးနှင့် ကလေးထည့်အိတ်တစ်လုံး စုစုပေါင်းအရေအတွက်တစ်မျိုး သယ်ယူခွင့်ပြုသည်။ ကလေးထည့်အိတ်သည် ထုထည်ပမာဏအများဆုံး (အလျား x အနံ x အမြင့်)
  • ကုဗ ၁၁၅ စင်တီမီတာထက် ကျော်လွန်ခြင်းမရှိရမည့်အပြင် အလေးချိန်အရ ၁၀ ကီလိုဂရမ်ထက် မပိုရပေ။
  • ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက် (သို့မဟုတ်) အရိုးအထောက်အကူပြုကိရိယာ တစ်မျိုးမျိုးဖြင့် ခရီးသွားလာရသည့် ခရီးသည်များအတွက် အဆိုပါပစ္စည်းများကို အခမဲ့သယ်ယူခွင့်ပြုသည်။

အရေအတွက်နည်းလမ်းဖြင့် ဝန်ပိုပစ္စည်း

အခမဲ့သယ်ယူခွင့်ပြုချက်ထက် ကျော်လွန်သည့် ခရီးဆောင်အိတ်/ ပစ္စည်းများအားလုံးကို ဝန်ပိုပစ္စည်းအဖြစ်သတ်မှတ်ပြီး ဝန်ပိုကြေး စည်းကြပ်ကောက်ခံသွားမည်ဖြစ်သည်။

ဝန်ပိုကြေးကို အောက်ပါခွင့်ပြုချက် ကျော်လွန်မှုများအတွက် စည်းကြပ်ကောက်ခံမည်ဖြစ်သည် -

  • ခရီးသည်တစ်ဦးချင်းစီအတွက် အခမဲ့ခွင့်ပြုချက် အရေအတွက် ၂ ခုထက် ကျော်လွန်ခြင်း
  • အများဆုံးခွင့်ပြုသည့် ထုထည်ပမာဏ ကန့်သတ်ချက်ထက် ကျော်လွန်ခြင်း
  • အများဆုံးခွင့်ပြုသည့် အလေးချိန် ကန့်သတ်ချက်ထက် ကျော်လွန်ခြင်း
  • သက်ရှိတိရစ္ဆာန်များ သယ်ယူခြင်း

ဝန်ပိုကြေးတွက်ချက်မှု -

MAI “အရေအတွက်နည်းလမ်း” အရ ဝန်ပိုကြေးမှာ ခွင့်ပြုချက်ထက်ပိုသော အရေအတွက်အပေါ် စည်းကြပ်ခြင်းဖြစ်သည်။

အလေးချိန်နည်းလမ်း

အလေးချိန်နည်းလမ်းမှာ လေကြောင်းခရီးစဉ်အားလုံးနှင့် သက်ဆိုင်သည့်နည်းလမ်းဖြစ်သည်။

အလေးချိန်နည်းလမ်းဖြင့် အခမဲ့ခွင့်ပြုချက်

ခရီးသည်တစ်ဦးချင်းစီအတွက် အများဆုံးအခမဲ့ခွင့်ပြုချက်မှာ -

  Business Class Economy Class
လက်မှတ်ထုတ်ပြီး/ အများဆုံးအခမဲ့ခွင့်ပြုချက် (ကီလိုဂရမ်) ၄၀ ၃၀
ဆိုးလ် (ကိုရီးယား) ခရီးစဉ်အတွက် လက်မှတ်ထုတ်ပြီး/ အများဆုံးအခမဲ့ခွင့်ပြုချက် (ကီလိုဂရမ်)   ၂၃

ဘီးတပ်ကုလားထိုင်၊ ချိုင်းထောက် (သို့မဟုတ်) အရိုးအထောက်အကူပြု ကိရိယာတစ်ခုခုဖြင့် သွားလာရသည့်ခရီးသည်များအနေဖြင့် အဆိုပါပစ္စည်းများကို အခမဲ့သယ်ယူနိုင်သည်။

အလေးချိန်နည်းလမ်းဖြင့် ဝန်ပိုပစ္စည်း

အောက်ပါ အခြေအနေများတွင် ဝန်ပိုကြေးစည်းကြပ် ကောက်ခံမည်ဖြစ်သည် -

  • Economy class ခရီးသည်၏ ခရီးဆောင်အိတ်ပစ္စည်းသည် အလေးချိန် ၃၀ ကီလိုဂရမ်ထက် ပိုမိုသောအခါ
  • Business class ခရီးသည်၏ ခရီးဆောင်အိတ်ပစ္စည်းသည် အလေးချိန် ၄၀ ကီလိုဂရမ်ထက် ပိုမိုသောအခါ
  • ိုးလ် (ကိုရီးယား) ခရီးစဉ်အတွက် Economy class ခရီးသည်၏ ခရီးဆောင်အိတ်ပစ္စည်းသည် အလေးချိန် ၂၃ ကီလိုဂရမ်ထက် ပိုမိုသောအခါ
  • ဝန်ပိုကြေးစည်းကြပ်မှုကို ပိုမိုသည့်ကီလိုဂရမ်ပေါ် မူတည်၍ တွက်ချက်ကောက်ခံမည်ဖြစ်သည်။

MAI လေကြောင်းခရီးစဉ်အားလုံးတွင် ဝန်ပိုတစ်ကီလိုဂရမ်လျှင် အမြင့်ဆုံးပုံမှန် တိုက်ရိုက်တစ်ကြောင်းစာ Y class လူကြီးလေယာဉ်ခနှုန်းထား၏ ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စည်းကြပ်မည်ဖြစ်သည်။