MAI - သင့်လိုအပ်ချက်အားလုံးကို အစဉ်အမြဲ ဂရုတစိုက်ကူညီပေးနေသည့် လေကြောင်းလိုင်း

ဆေးကုသမှုဆိုင်ရာ (သို့မဟုတ်) ဘာသာရေးဆိုင်ရာကိစ္စများကြောင့် အထူးအစားအသောက် လိုအပ်ချက်များရှိသည့် ခရီးသည်များအတွက် မိမိတို့ MAI မှ အထူးအစားအစာ ရွေးချယ်စရာတစ်ရပ်ကို ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

ကျေးဇူးပြု၍ လေယာဉ်ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး ၂၄ နာရီ ကြိုတင်ပြီး ကျွန်ုပ်တို့၏ ခရီးသည်အထောက်အကူပြုဌာန (951) 9670033 ~ 38 သို့မဟုတ် သင်၏ခရီးသွားလက်မှတ် အရောင်းကိုယ်စားလှယ်မှတဆင့် သင်၏အမှာစာကို ပေးပို့လိုက်ပါ။ 

MAI - သင့်လိုအပ်ချက်အားလုံးကို အစဉ်အမြဲ ဂရုတစိုက်ကူညီပေးနေသည့် လေကြောင်းလိုင်း

ဆေးကုသမှုဆိုင်ရာ (သို့မဟုတ်) ဘာသာရေးဆိုင်ရာကိစ္စများကြောင့် အထူးအစားအသောက် လိုအပ်ချက်များရှိသည့် ခရီးသည်များအတွက် မိမိတို့ MAI မှ အထူးအစားအစာ ရွေးချယ်စရာတစ်ရပ်ကို ဝန်ဆောင်မှုပေးမည်ဖြစ်ပါသည်။

ကျေးဇူးပြု၍ လေယာဉ်ထွက်ခွာချိန်မတိုင်မီ အနည်းဆုံး ၂၄ နာရီ ကြိုတင်ပြီး ကျွန်ုပ်တို့၏ ခရီးသည်အထောက်အကူပြုဌာန (951) 9670033 ~ 38 သို့မဟုတ် သင်၏ခရီးသွားလက်မှတ် အရောင်းကိုယ်စားလှယ်မှတဆင့် သင်၏အမှာစာကို ပေးပို့လိုက်ပါ။ 

သတ်သတ်လွတ်အစားအစာ (နို့နှင့် နို့ထွက်ပစ္စည်းမပါ)

အဆိုပါ အစားအစာမှာ အသီး၊ အရွက်များကိုသာ အထူးသီးသန့်ထည့်သွင်း ချက်ပြုတ်ထားခြင်းဖြစ်သည်။

သတ်သတ်လွတ် (LACTO – OVO) အစားအစာ

အနောက်တိုင်းပုံစံ ပြင်ဆင်ထားသည့် အဆိုပါအစားအစာမှာ အလွန်စည်းကမ်းတင်းကြပ်မှုမရှိသော သတ်သတ်လွတ်သမားအစားအစာဖြစ်ပြီး ဥနှင့် နို့ထွက်ပစ္စည်းများပါဝင်နိုင်သော်လည်း အသားနှင့် ပင်လယ်စာအားလုံး အသုံးမပြုဖယ်ရှားထားသည်။

အနောက်တိုင်းသတ်သတ်လွတ်အစားအစာ

ဥနှင့် နို့ထွက်ပစ္စည်းများပါဝင်နိုင်သည့် သတ်သတ်လွတ်အစားအစာတစ်မျိုးဖြစ်သည်။

အရှေ့တိုင်းသတ်သတ်လွတ်အစားအစာ

စည်းကမ်းတိကျပြင်းထန်သည့် သတ်သတ်လွတ်အစားအစာဖြစ်ပြီး မည်သည့်အသားအမျိုးအစားမျှ ပါဝင်ခြင်းမရှိသည့်ပြင် ငါး (သို့မဟုတ်) တိရစ္ဆာန်ထွက်ပစ္စည်း (သို့မဟုတ်) ဘေးထွက်ပစ္စည်း လုံးဝပါဝင်ခြင်းမရှိပေ။

အာရှသတ်သတ်လွတ်အစားအစာ

သတ်သတ်လွတ်အရောအနှောအစားအစာဖြစ်ပြီး နို့ထွက်ပစ္စည်းများကို အကန့်အသတ်ဖြင့် အသုံးပြုသည်။ သို့ရာတွင် မည်သည့်အသား၊ ငါးနှင့် ဥမျှ ပါဝင်ခြင်းမရှိပေ။

ဂျိမ်းသတ်သတ်လွတ်အစားအစာ

ဂျိမ်းဘာသာဝင်တို့၏ အစဉ်အလာကို အခြေခံလျက် အိန္ဒိယပုံစံ ပြင်ဆင်ပေးသည့် သတ်သတ်လွတ်အစားအစာဖြစ်သည်။

မွတ်ဆလင်အစားအစာ

ဝက်သား၊ ဝက်ဆားနယ်ခြောက်၊ ဝက်ပေါင်ခြောက် သို့မဟုတ် အရက်ပါဝင်ခြင်းမရှိပဲ ကြက်၊ ဘဲနှင့် အသားအားလုံးမှာ ဟာလာ (Halah) စည်းမျဉ်းနှင့်အညီ သတ်ဖြတ်၊ ချက်ပြုတ်ထားသည်။

ကလေးအစားအစာ

ဤအစားအစာမှာ အသက် ၂ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ်များအတွက် မှာယူသည့်အစားအစာဖြစ်သည်။ အစားအစာတွင် ပါဝင်ပစ္စည်းများမှာ အလွယ်တကူကိုက်နိုင်၊ ဝါးနိုင်ပြီး ကလေးငယ်များကို ဆွဲဆောင်မှုရှိသည့် အစားအစာဖြစ်သည်။

ဆီးချိုရောဂါသည်အစားအစာ

ကစီဓာတ်များသောအစားအစာ၊ အမျှင်ဓာတ်များများ၊ အဆီနှင့် ကယ်လိုရီနည်းနည်း ပေါင်းစပ်ထားသော အစားအစာဖြစ်ပြီး အင်ဆူလင်မှီခိုနေရသူနှင့် မမှီခိုရသူ ဆီးချိုသမားနှစ်မျိုးလုံးအတွက် သင့်လျော်သည်။ ဤအစားအစာတွင် မည်သည့်သကြားအမျိုးအစားမှ ပါဝင်ခြင်းမရှိပေ (ခွင့်ပြုထားသည့် သကြားအစားထိုးပစ္စည်းအချို့ကိုသာ အသုံးပြုမည်ဖြစ်သည်)။

ဆိုဒီယမ်နည်းသည့်အစားအစာ၊ ဆားလုံးဝမထည့်

ဤအစားအစာအတွက်ပြင်ဆင်ရာတွင် ဆားနှင့် သဘာဝအတိုင်း ဆားပါဝင်သည့်/ စီမံထုတ်လုပ်ထားသည့် အစားအစာများ (ဥပမာ - မုန့်ဖုတ်ပေါင်ဒါ၊ ဆိုဒါနှင့် MBG) တို့ကို လုံးဝဖယ်ရှား (သို့မဟုတ်) အရေအတွက်ကန့်သတ်လျက် ထည့်သွင်းသည်။

ကိုလက်စထရောနည်းသည့်အစားအစာ

ဤအစားအစာကိုပြင်ဆင်ရာတွင် အဆီဓာတ်အမြောက်အများပါဝင်သည့် အစားအစာများ (ဥပမာ - ကြော်ထားသည့်အစားအစာများ၊ ဆော့စ်နှင့် ဟင်းအနှစ်များ) ကို ကန့်သတ်ထားသည့် ပမာဏသာ ထည့်သွင်းအသုံးပြုထားသည်။ သကြားဓာတ်ကြွယ်ဝသော ပစ္စည်းများ အသုံးပြုခြင်းကိုလည်း ကန့်သတ်ထားသည်။

အဆီဓာတ်နည်းသောအစားအစာ

ကစီဓာတ်များများ၊ အမျှင်ဓာတ်များများနှင့် အဆီနည်းသောအစားအစာများကို ရောနှောပေါင်းစပ်ထားသည့် ဟင်းလျာကို အဆီနည်းသည့်အသား၊ အဆီဓာတ်နည်းသည့် နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်နှင့် အမျှင်ဓာတ်ပေါကြွယ်ဝသော ဂျုံပေါင်မုန့်တို့ဖြင့် တည်ခင်းသွားမည်ဖြစ်သည်။ ဤအစားအစာတွင် နို့၊ မလိုင်၊ အဆီ၊ ဒိန်ခဲ၊ ဥအနှစ် (သို့မဟုတ်) အဆီများသောအသားများ လုံးဝပါဝင်ခြင်းမရှိပေ။

ဂူလက်တင်ကင်းစင်သည့်အစားအစာ

ဂူလက်တင်မှာ ဂျုံမှုန့်စသည်တို့မှ ကစီဓာတ်ထုတ်ခြင်းဖြင့်ရရှိသော စေးကပ်သည့် အသားဓာတ်တစ်မျိုးဖြစ်ပြီး ဤအစားအစာတွင် ဂူလက်တင်ရရှိနိုင်သည့် မည်သည့်အရင်းခံပစ္စည်းမှ ပါဝင်ခြင်းမရှိရပေ။

နို့သကြား (Lactose) မပါဝင်သည့်အစားအစာ

ဤအစားအသောက်တွင် နို့၊ နို့ခဲ၊ နို့ဆီအခဲ၊ ဒိန်ခဲ၊ မလိုင်၊ ထောပတ်၊ နို့သကြားနှင့် ဟင်းရွက်ဆီခဲပါဝင်သည့် အစားအစာများ ပါဝင်ခြင်းမရှိပေ။

ဟိန္ဒူအစားအစာ (သတ်သတ်လွတ်မဟုတ်သောအစားအစာ)

ဤအစားအစာသည် စည်းကမ်းတင်းကြပ်သည့် သတ်သတ်လွတ်သမားများမဟုတ်သော၊ အသား၊ ငါး၊ ဥနှင့် နို့ထွက်ပစ္စည်းများ စားသုံးကြသည့် ဟိန္ဒူလူ့အဖွဲ့အစည်းဝင်များအတွက် ပြင်ဆင်ပေးသည့် အစားအစာဖြစ်သည်။ ဤအစားအစာတွင် အောက်ဖော်ပြပါဟင်းအမည်များတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုမိုပါဝင်မည်ဖြစ်သည်။ သိုးကလေးသား၊ ကြက်သား၊ ငါး၊ ဥများ၊ နို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သည်။ သို့ရာတွင် ဤအစားအစာတွင် အမဲ (သို့မဟုတ်) ဝက် ပါဝင်ခြင်းမရှိပေ။

အရှေ့တိုင်းအစားအစာ

အစားအစာများကို တရုတ်ပုံစံ (သို့မဟုတ်) အရှေ့တိုင်းပုံစံဖြင့် ပြင်ဆင်ထားခြင်းဖြစ်သည်။

ပင်လယ်စာအစားအစာ

ဤအစားအစာမှာ ပင်လယ်စာနှစ်သက်သူ ခရီးသည်များအတွက်ဖြစ်သည်။ ဤအစားအစာတွင် မည်သည့်အသားထွက်ပစ္စည်းမှ ပါဝင်ခြင်းမရှိပေ။

သစ်သီးဗန်းအစားအစာ

ဤအစားအစာတွင် လတ်ဆတ်သောသစ်သီးများကိုသာ ပြင်ဆင်တည်ခင်းခြင်းဖြစ်သည်။