ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများဆိုင်ရာ လမ်းညွှန်ချက်

သင်ကိုယ်တိုင်၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်၊ နိုင်ငံတကာစည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့အစည်းများသည် ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းနှင့် စပ်လျဉ်း၍ အချို့သောကန့်သတ်ချက်များ (သို့မဟုတ်) တားမြစ်ချက်များကို သတ်မှတ်ထားရှိသည်။

အရေးပါခြင်း - ဒေသဆိုင်ရာလေဆိပ်လုံခြုံရေး ကန့်သတ်ချက်များသည် အောက်တွင်ဖော်ပြထားသည့် သယ်ယူခြင်းဆိုင်ရာ အခြေအနေများနှင့် အရေအတွက်များကို ကန့်သတ်ရာတွင် အထောက်အကူပြုမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် ခရီးသွားလာခြင်းမပြုမီ အထက်ပါကန့်သတ်/ တားမြစ်ချက်နှစ်ခုလုံးကို ၎င်းတို့အနေဖြင့် လိုက်နာထားကြောင်း သေချာနေစေရမည်ဖြစ်သည်။ 

ခရီးသည်များ (သို့မဟုတ်) လေယာဉ်အဖွဲ့သားများ သယ်ဆောင်သည့် ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများအတွက် သတ်မှတ်ပြဌာန်းချက်

ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများကို အောက်တွင်ဖော်ပြထားသည့်အတိုင်းမှလွဲ၍ ခရီးသည်များ (သို့မဟုတ်) လေယာဉ်အဖွဲ့သားများသည် အပ်နှံခရီးဆောင်ပစ္စည်း (သို့မဟုတ်) လက်ဆွဲခရီးဆောင်ပစ္စည်းများတွင် ထည့်သွင်းသယ်ဆောင်ခြင်း မပြုရ။

လက်ဆွဲခရီးဆောင်အိတ်များတွင် ထည့်သွင်းယူဆောင်ရန်ခွင့်ပြုသည့် ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများသည် မည်သည့်နေရာတွင် ထားရှိရမည်ဆိုသည့် သတ်မှတ်ပြဌာန်းချက်မှတပါး လူပုဂ္ဂိုလ်တစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ယူဆောင်ခွင့်ပြုသည်။

 

ဘေးအန္တရာယ်ရှိကုန်ပစ္စည်းအမျိုးအစား လက်ဆွဲပစ္စည်းအဖြစ် (သို့) လက်ဆွဲခရီးဆောင်အိတ်အတွင်း သယ်ယူခွင့်ပြုသည် အပ်နှံပစ္စည်းအဖြစ် (သို့) အပ်နှံခရီးဆောင်အိတ်အတွင်း သယ်ယူခွင့်ပြုသည် လေကြောင်းလိုင်း၏ ခွင့်ပြုချက်လိုအပ်သည် ပစ္စည်းထားသည့်နေရာကို လေယာဉ်မှူးကြီးအား အသိပေးသည်
မသန်မစွမ်းဖြစ်စေသောပစ္စည်းကိရိယာများ - ဇာဒိပ္ဖိုလ်၊ ငရုတ်ကောင်းမှုတ်ဆေးကဲ့သို့ ပစ္စည်းများ၊ ကသိကအောက် (သို့မဟုတ်) မသန်မစွမ်းဖြစ်စေသည့်အရာများ ပါဝင်သောပစ္စည်းများကို လူပုဂ္ဂိုလ်ပေါ်၊ အပ်နှံနှင့် လက်ဆွဲပစ္စည်းများတွင် ထည့်သွင်းသယ်ဆောင်ခြင်းကို တားမြစ်ထားသည်။ တားမြစ်ထားသည်
လျှပ်စစ်ဓာတ်လိုက်စေသည့်လက်နက်များ - ဥပမာ၊ လျှပ်စစ်ဓာတ်ပစ်လွှတ်နိုင်သည့်လက်နက် (Tasers) ပေါက်ကွဲပစ္စည်းများ၊ ဖိသိပ်ထားသည့်ဓာတ်ငွေ့များ၊ လီသီယမ်ဓာတ်ခဲများစသည့် ဘေးအန္တရာယ်ရှိပစ္စည်းများ ပါဝင်သည်။ ၎င်းတို့ကို လက်ဆွဲပစ္စည်း (သို့မဟုတ်) အပ်နှံပစ္စည်းများအတွင်း ထည့်သွင်းသယ်ဆောင်ခြင်း (သို့မဟုတ်) လူကိုယ်ခန္ဓာပေါ်သယ်ယူခြင်း တားမြစ်သည်။ တားမြစ်ထားသည်
လုံခြုံမှုအမျိုးအစားလက်ဆွဲအိတ်များ ငွေသေတ္တာ၊ ငွေအိတ်စသည် - လီသီယမ်ဓာတ်ခဲနှင့် (သို့မဟုတ်) မီးရှူးမီးပန်းလုပ်နိုင်သော ဒြပ်ဝတ္တုများစသည့် ဘေးအန္တရာယ်ရှိပစ္စည်းများ ပေါင်းစပ်ပါဝင်နေပြီး ၎င်းတို့ကို ရည်ညွှန်းချက် ၆ တွင် ဖော်ပြထားချက်မှတပါး လုံးဝတားမြစ်ထားသည်။ (အသေးစိတ်သိရှိရန် ရည်ညွှန်းချက် ၆ တွင်ကြည့်ပါ) တားမြစ်ထားသည်
ခဲယမ်းမီးကျောက်၊ ကျည်ဆံများ (လက်နက်များအတွက် ယမ်းတောင့်များ တားမြစ်ထားသည်
အောက်ဆီဂျင် (သို့မဟုတ်) လေ၊ ဓာတ်ငွေ့အရော ဆလင်ဒါဘူးများ - ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် လိုအပ်သည့်ပစ္စည်းများဖြစ်ပြီး ၎င်းတို့ကို ရည်ညွှန်းချက် ၄ အပိုဒ်ခွဲတွင် ဖော်ပြထားချက်မှတပါး တားမြစ်ထားသည်။ (အသေးစိတ်သိရှိရန် ရည်ညွှန်းချက် ၄ တွင်ကြည့်ပါ) တားမြစ်ထားသည်
ဘတ္တရီများတပ်ဆင်ထားသည့်လက်ဆွဲအိတ် - ဖြုတ်၊ တပ်ယူနိုင်သော ဘတ္တရီများ သုည ဒသမ ၃ ဂရမ်ထက် ကျော်လွန်သော လီသီယမ်သတ္တု (သို့မဟုတ်) ၂ ဒသမ ၇ ဝပ်ထက်ပိုမိုသော တားမြစ်ထားသည်
ရွေ့လျားမှုအထောက်အကူပြုပစ္စည်းကိရိယာများ - ဘတ္တရီစွမ်းအင်သုံး လက်တွန်းကုလားထိုင် (သို့မဟုတ်) အခြားအလားတူ ရွေ့လျားနိုင်သောပစ္စည်းကိရိယာများ (၎င်းတို့ကို ယိုဖိတ်နိုင်သော ဘတ္တရီအစို (သို့မဟုတ်) အထူးပြဌာန်းချက် A 123 သို့မဟုတ် A 199 နှင့် ညီညွတ်သောဘတ္တရီများ တပ်ဆင်ထားသည်။ (အသေးစိတ်သိရှိရန် ရည်ညွှန်းချက် ၅ ကိုကြည့်ပါ) ခွင့်မပြု ခွင့်ပြု လို လို
ရွေ့လျားမှုအထောက်အကူပြုပစ္စည်းကိရိယာများ - ဘတ္တရီစွမ်းအင်သုံး လက်တွန်းကုလားထိုင်များ (သို့မဟုတ်) အခြားအလားတူ ရွေ့လျားနိုင်သောပစ္စည်းကိရိယာများ (၎င်းတို့ကို ယိုဖိတ်နိုင်သော ဘတ္တရီ (အသေးစိတ်ကို ရည်ညွှန်းချက် ၂ တွင်ကြည့်ပါ) (သို့မဟုတ်) လီသီယမ်ဘတ္တရီ (အသေးစိတ်ကို ရည်ညွှန်းချက် ၃ တွင်ကြည့်ပါ) တပ်ဆင်ထားသည်။ ခွင့်မပြု ခွင့်ပြု လို လို
ပြဒါးဖြည့်ထားသည့်သာမိုမီတာ (သို့မဟုတ်) ဘာရိုမီတာ - အစိုးရမိုးလေဝသဗျူရို (သို့မဟုတ်) အလားတူ တရားဝင်အေဂျင်စီ၏ ကိုယ်စားလှယ်တစ်ဦးမှ သယ်ဆောင်ခြင်း (အသေးစိတ်ကို ရည်ညွှန်းချက် ၁ တွင်ကြည့်ပါ)  ခွင့်ပြု ခွင့်မပြု လို လို
စခန်းချမီးဖိုများနှင့် မီးလောင်လွယ်သော လောင်စာအရည်ပါဝင်သည့်ဘူးများ - ၎င်းမီးဖိုတွင် လောင်စာကန်အလွတ်နှင့် (သို့မဟုတ်) လောင်စာဘူးအလွတ်ဖြစ်ရမည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၇ တွင်ကြည့်ပါ) ခွင့်မပြု ခွင့်ပြု လို မလို
လီသီယမ်ဘတ္တရီပါဝင်သည့် လုံခြုံရေးအမျိုးအစားပစ္စည်းကိရိယာများ (အသေးစိတ်ကို ရည်ညွှန်းချက် ၆ တွင်ကြည့်ပါ)  ခွင့်မပြု ခွင့်ပြု လို မလို
ဓာတုပြောင်းခဲမှုဖြစ်စေသောပစ္စည်းများကို စစ်ဆေးသည့် ပစ္စည်းကိရိယာများ - ဓာတုလက်နက်များတားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်းမှ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ တရားဝင်ခရီးသွားလာစဉ် ယူဆောင်လာသည့်အခါ (အသေးစိတ်ကို ရည်ညွှန်းချက် ၈ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်ပြု လို မလို
အပူထုတ်ပေးနိုင်သောပစ္စည်းကိရိယာများ - ရေအောက်လက်နှိပ်ဓာတ်မီး (ရေငုတ်မီးအိမ်) နှင့် ဂဟေဆော်ဂေါက်တံများ (အသေးစိတ်ကို ရည်ညွှန်းချက် ၉ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်ပြု လို မလို
ရေခဲတောင်ပြိုကယ်ဆယ်ရေး ကျောပိုးအိတ် - အခန်း ၂.၂ တွင် ဖော်ပြထားသည့် ဖိသိတ်ထားသောဓာတ်ငွေ့ထည့် ဆလင်ဒါတစ်လုံးပါဝင်သောအိတ်ကို ခရီးသည်တစ်ဦးလျှင် ၁ ခုသာခွင့်ပြုသည်။ ထို့ပြင် အဆိုပါကျောပိုးအိတ်တွင် အခန်း ၁.၄ S ပါ အသားတင် ၂၀၀ မီလီဂရမ်ထက်မပိုသော မီးရှူးမီးပန်းလောင်စာနှင့် မီးရှူးမီးပန်းပစ်လွှတ်နိုင်သော ခလုတ်စနစ်တပ်ဆင်ထားနိုင်သည်။ ကျေပိုးအိတ်ကို အလိုအလျောက်ခလုတ်မဖပွင့်နိုင်သည့် အနေအထားဖြင့် သေချာစွာထုတ်ပိုးထားရမည်ဖြစ်သည်။ ကျောပိုးအိတ်တွင်ပါရှိသော လေအိတ်သည် ဖိအားလျော့အဆို့ရှင် တပ်ဆင်ထားရမည်။  ခွင့်ပြု ခွင့်ပြု လို မလို
Dရေခဲခြောက် (ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အခဲ) - အပ်နှံပစ္စည်းနှင့် လက်ဆွဲပစ္စည်းများအတွင်း ထည့်သွင်းယူဆောင်ခြင်းမပြုရန် ဤသတ်မှတ်ပြဌာန်းချက်များတွင် အကျုံးမဝင်သော ပုတ်သိုးလွယ်ပစ္စည်းများကို ထုပ်ပိုးရာတွင် အသုံးပြုနိုင်ရေးအတွက် ခရီးသည်တစ်ဦးလျှင် ၂ ဒသမ ၅ ကီလိုဂရမ်ထက်မပိုသော အရေအတွက်သာ ခွင့်ပြုရန်ဖြစ်သည်။ အဆိုပါထုပ်ပိုးထားသောပစ္စည်းများသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းကို အဆင်ပြေအောင်ဆောင်ရွက်မှသာ ခွင့်ပြုမည်ဖြစ်သည်။ အပ်နှံပစ္စည်းများပေါ်တွင် “ရေခဲခြောက်” သို့မဟုတ် “ကာဗွန်ဒိုင်အောက်ဆိုဒ်၊ အခဲ” ဟု အမှတ်အသားပြုလုပ်ရန်နှင့် ရေခဲခြောက်၏အသားတင်အလေးချိန် (သို့မဟုတ်) ရေခဲခြောက် ၂ ဒသမ ၅ ကီလိုဂရမ် (သို့မဟုတ်) ၎င်းထက်လျော့သော အလေးချိန်ကို ဖော်ပြထားချက်ကို ရေးသားထားရမည်။ ခွင့်ပြု ခွင့်ပြု လို မလို
မီးလောင်လွယ်ခြင်းမရှိသော၊ အရွယ်သေးငယ်သည့် ဓာတ်ငွေ့ဘူးများ - ကာဗွန်ဒိုင်အောက်ဆိုဒ် (သို့မဟုတ်) အခန်း ၂.၂ ပါ အခြားသင့်လျော်သည့် ဓာတ်ငွေ့ပါဝင်သည့်ဓာတ်ငွေ့ဘူးများ၊ အသက်ကယ်အင်္ကျီကဲ့သို့ ကိုယ်တိုင်လေမှုတ်သွင်းနိုင်သည့် ဘေးအန္တရာယ်ကာကွယ်ရေး ပစ္စည်းကိရိယာများတွင် တပ်ဆင်ထားသော သေးငယ်သည့်ဓာတ်ငွေ့ဘူးနှစ်ဘူးအထိနှင့် (ခရီးသည်တစ်ဦးလျှင် ကိရိယာတစ်ခုထက်မပိုစေရ) ခရီးသည်တစ်ဦးလျှင် အရန်ဓာတ်ငွေ့ဘူးသေး ၂ ဘူး၊ စုစုပေါင်း ၄ ဘူးထက်မပိုစေပဲ အရည်ဝင်ဆန့်နိုင်မှုပမာဏ စုစုပေါင်း ၅၀ မီလီလီတာအထိသာ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၀ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်ပြု လို မလို
လီသီယမ်ဘတ္တရီများ အပို/ အလွတ် - သာမန်အီလက်ထရွှန်နစ်ကိရိယာများနှင့် ခရီးဆောင်ဆေးဘက်ဆိုင်ရာ အီလက်ထရွှန်နစ်ကိရိယာများအတွက် (တစ်နာရီထွက်ရှိသော လျှပ်စစ်စွမ်းအား Wh နှုန်းဖြင့်) ၁၀၀ Wh ထက်ကျော်လွန်ပြီး ၁၆၀ Wh ထက်မပိုသော (သို့မဟုတ်) လီသီယမ်ပါဝင်မှု ၂ ဂရမ်ထက် ကျော်လွန်ပြီး ၈ ဂရမ်ထက်မပိုသော (ခရီးဆောင်ဆေးဘက်ဆိုင်ရာ အီလက်ထရွှန်နစ်ကိရိယာအတွက်သာ) လီသီယမ်ဘတ္တရီများ
လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းတွင်သာ အပိုဘတ္တရီ ၁ ခုသာ ယူဆောင်ခွင့်ပြုရန်နှင့် အဆိုပါဘတ္တရီများ တစ်ခုချင်းစီကို လျှပ်စစ်ပတ်လမ်းပြတ်ခြင်းမှ တားဆီးနိုင်ရန် လုံခြုံစွာထားရှိမည်ဖြစ်သည်။
ခွင့်ပြု ခွင့်မပြု လို မလို
လီသီယမ်ဘတ္တရီစွမ်းအားသုံး အီလက်ထရွှန်နစ်ကိရိယာများ - ခရီးဆောင်အီလက်ထရွှန်နစ်ကိရိယာများ (ဆေးဘက်သုံးအပါအဝင်) အတွက် Watt-hour (Wh) နှုန်းဖြင့် ၁၀၀ Wh ထက်ကျော်လွန်ပြီး ၁၆၀ Wh ထက်မပိုသော လီသီယမ်ဘတ္တရီများ၊ ခရီးဆောင်ဆေးဘက်ဆိုင်ရာ အီလက်ထရွှန်နစ်ကိရိယာအတွက် လီသီယမ်ပါဝင်မှု ၂ ဂရမ်ထက် ကျော်လွန်ပြီး ၈ ဂရမ်ထက်မပိုသော လီသီယမ်ဒြပ်စင်ဘတ္တရီများ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၁ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်မပြု လို မလို
အရက်ပါဝင်သော အဖျော်၊ ယမကာ - လက်လီထုပ်ပိုးထားမှု (ဘူး) များအတွင်း အရက်ပါဝင်မှုပမာဏ ၂၄ ရာခိုင်နှုန်းထက်များပြီး ၇၀ ရာခိုင်နှုန်းထက်မကျော်သော အဖျော်ယမကာများ (ခရီးသည်တစ်ဦးလျှင် စုစုပေါင်းအသားတင် ၅ လီတာသာခွင့်ပြုမည်) ခွင့်ပြု ခွင့်မပြု လို မလို
ရေဒီယိုသတ္တိကြွမဟုတ်သော ဆေးဖက်ဝင် (သို့မဟုတ်) ရေအိမ်သုံးပစ္စည်းများ (မှုတ်ဆေးဘူးများအပါအဝင်) - အရက်ပါဝင်သည့် ဆံပင်ဖြန်းဆေး၊ ရေမွှေး၊ ကလုန်း (ရေမွှေးတစ်မျိုး) နှင့် ဆေးဝါးများ (နှင့်) ခွင့်ပြု ခွင့်ပြု မလို မလို
အခန်း ၂.၂ ပါ မီးလောင်မလွယ်သော၊ အဆိပ်အာနိသင်မပါသော မှုတ်ဆေးဘူးများ - ဘေးထွက်ဆိုးကျိုးမရှိသော အားကစား (သို့မဟုတ်) အိမ်သုံးပစ္စည်းများဖြစ်သည်။ ရေဒီယိုသတ္တကြွမဟုတ်သော ဆေးဖက်ဝင် (သို့မဟုတ်) ရေအိမ်သုံးပစ္စည်းများနှင့် မီးလောင်မလွယ်သော၊ အဆိပ်အာနိသင်မပါသော မှုတ်ဆေးဘူးများ စုစုပေါင်းအသားတင် အရေအတွက်သည် ၂ ကီလိုဂရမ် (သိူ့မဟုတ်) ၂ လီတာထက် မပိုစေရ၊ ထို့ပြင် ပစ္စည်းတစ်ခုချင်းစီ၏ အသားတင်အရေအတွက်သည် သုည ဒသမ ၅ ကီလိုဂရမ် (သို့မဟုတ်) သုည ဒသမ ၅ လီတာထက်မပိုစေရ။ မှုတ်ဆေးဘူးများ၏ အဆို့ရှင်များကိုထိပ်ဖုံး (သို့မဟုတ်) ဘူးတွင်းမှပါဝင်ပစ္စည်းများ မတော်တဆပန်းထွက်လာမှုမရှိစေမည့် သင့်လျော်သောပစ္စည်းတစ်ခုခုဖြင့် ကာကွယ်ထားရှိရမည်။  ခွင့်မပြု ခွင့်ပြု မလို မလို
အီလက်ထရွှန်နစ်စီးကရက်များ - (e-cigars, e-pipes နှင့် အခြားကိုယ်ပိုင်သုံး ရေငွေ့ထွက်ပစ္စည်းများအပါအဝင်) ပါဝင်သည့် ဓာတ်ခဲများကို မတော်တဆ (အသက်ဝင်) အလုပ်လုပ်မိခြင်းမျိုးမဖြစ်စေရန် တစ်ခုချင်းစီကို သေချာစွာဆောင်ရွက်ထားရမည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၈ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်မပြု မလို မလို
Fuel cells (ဓာတုဓာတ်ပြုလျှပ်စစ်ဓာတ်ခဲ) - လောင်စာပါဝင်ပြီး အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ (ဥပမာ၊ ကင်မရာ၊ ဆယ်လူလာဖုန်း၊ လက်တော့၊ ကွန်ပြူတာနှင့် ကမ်ကော်ဒါ) (အသေးစိတ်ကို ရည်ညွှန်းချက် ၁၃ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်မပြု မလို မလို
Fuel cells cartridges (ဓာတုဓာတ်ပြုလျှပ်စစ်ဓာတ်ခဲဘူးနှင့် အပိုဓာတ်ခဲ - ခရီးဆောင်အီလက်ထရွှန်နစ်ကိရိယာများအတွက် အသုံးပြုသည့်ဓာတ်ခဲငယ်များဖြစ်သည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၃ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်ပြု မလို မလို
ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့ပါဝင်သော ဆံပင်ကောက်စက် - ခရီးသည်တစ်ဦး (သို့မဟုတ်) လေယာဉ်အဖွဲ့သားတစ်ဦးလျှင် ၁ ခုသာ (အပူထုတ်ပေးသည့်အပိုင်းပေါ်တွင် ဘေးအန္တရာယ်ကာကွယ်ရေးအဖုံးကို သေချာစွာတပ်ဆင်ထားရန်) ခွင့်ပြုသည်။ အဆိုပါ ဆံပင်ကောက်စက်များကို လေယာဉ်ပေါ်တွင် မည်သည့်အချိန်မျှ အသုံးပြုခွင့်မပြုပေ။ အချို့သောဆံပင်ကောက်စက်များအတွက် ဓာတ်ငွေ့အပို (Refill) ကို အပ်နှံ (သို့မဟုတ်) လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများတွင် ထည့်သွင်းယူဆောင်ခွင့်မပြုပေ။  ခွင့်ပြု ခွင့်ပြု မလို မလို
အေးခဲထားသည့်နိုက်ထရိုဂျင်အရည်ပါဝင်သော စပူကာထုပ်ပိုးပစ္စည်းများ - (ခြောက်သွေ့ကုန်စည်များ) ဘေးအန္တရာယ်မရှိသော ကုန်ပစ္စည်းများသာပါဝင်သည့် အရာဝတ္တုများအတွင်း လုံးဝစိမ့်ဝင်နေခြင်းဖြစ်သည်။  ခွင့်ပြု ခွင့်ပြု မလို မလို
Fuel cell engines (သို့မဟုတ်) အတွင်း၌ ဓာတုဓာတ်ပေါင်းစပ်မှုဖြင့် လည်ပတ်သည့်စက် - A 70 ဖြင့် ကိုက်ညီမှုရှိရမည်။  ခွင့်မပြု ခွင့်ပြု မလို  မလို
ဆေးဘက်ဆိုင်ရာ (သို့မဟုတ်) ဆေးကုသမှုဆိုင်ရာ သာမိုမီတာ - (ပြဒါးပါဝင်သည်) ကိုယ်ပိုင်အသုံးပြုရန် လူပုဂ္ဂိုလ်တစ်ဦးလျှင် ပစ္စည်းတစ်ခုသာဖြစ်ပြီး စိတ်ချလုံခြုံသည့် အကာအကွယ်ဘူးထဲတွင် ထားရှိရမည်။ ခွင့်မပြု ခွင့်ပြု မလို မလို
မီးလောင်မလွယ်သော၊ အဆိပ်အာနိသင်မရှိသော ဓာတ်ငွေ့ဘူး (ဆလင်ဒါများ) - စက်အစိတ်အပိုင်းများလည်ပတ်ရန် အသုံးပြုသည်။ ခရီးသွားနေစဉ်ကာလအတွင်း လုံလောက်သည့်ဖြည့်ဆည်းမှုရှိစေရန် လိုအပ်ပါက အရွယ်တူအခြားအပိုဓာတ်ငွေ့ဘူး (ဆလင်ဒါ) များ  ခွင့်ပြု ခွင့်ပြု မလို မလို
ရောဂါပိုးကူးစက်ပျံ့ပွားခြင်း မဖြစ်နိုင်သော (ဓာတ်ခွဲစစ်ဆေးရန်) နမူနာများ - မီးလောင်လွယ်သောအရည် အရေအတွက်အနည်းငယ်ဖြင့် ထုပ်ပိုးထားပြီး A 180 ပါ သတ်မှတ်ချက်နှင့် ကိုက်ညီရမည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၇ တွင်ကြည့်ပါ)  ခွင့်ပြု ခွင့်ပြု မလို မလို
စိမ့်ဝင်ပျံနှံ့နိုင်သော ပစ္စည်းကိရိယာများ A 41 နှင့် ကိုက်ညီရမည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၇ တွင်ကြည့်ပါ)  ခွင့်မပြု ခွင့်ပြု မလို မလို
လီသီယမ်ဘတ္တရီများတပ်ဆင်ထားသည့် ခရီးဆောင်အိတ်များ ဖြုတ်ခြင်း၊ တပ်ခြင်းမပြုနိုင်သော ဘတ္တရီများ - ဘတ္တရီများတွင် လီသီယမ်သတ္တု သုည ဒသမ ၃ ဂရမ်ထက်မပို (သို့မဟုတ်) လီသီယမ်အိုင်းယွန်း ၂ ဒသမ ၇ Watt/ hour ထက်မပိုရ။
ဖြုတ်၊ တပ်နိုင်သောဘတ္တရီများ - ခရီးဆောင်အိတ်၊ ပစ္စည်းများကို စာရင်းသွင်းအပ်နှံစဉ် ဘတ္တရီများကို ဖြုတ်ထားရမည်။ ဖြုတ်ထားသောဘတ္တရီများကို လေယာဉ်ခရီးသည်နေရာတွင် ယူဆောင်ထားရမည်။
ခွင့်ပြု ခွင့်ပြု မလို မလို
လီသီယမ်ဘတ္တရီများ - လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်ဆဲ (သို့မဟုတ်) လီသီယမ်ဓာတ်ခဲပါဝင်သည့် ခရီးဆောင်အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ၊ ခရီးဆောင်အောက်ဆီဂျင်ပေးစက်ကဲ့သို့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများနှင့် ကင်မရာ၊ မိုဘိုင်းဖုန်းနှင့် လက်တော့ပ်ကဲ့သို့ လူသုံးအီလက်ထရွှန်နစ် ပစ္စည်းကိရိယာများဖြစ်သည်။ ခရီးသည်များ (သို့မဟုတ်) လေယာဉ်အဖွဲ့သားများမှ ကိုယ်ပိုင်သုံးအဖြစ် သယ်ဆောင်လာသည့်အခါ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၂ တွင်ကြည့်ပါ)။ လီသီယမ်သတ္တုပါဘတ္တရီများအတွက် လီသီယမ်သတ္တုပါဝင်မှုသည် ၂ ဂရမ်ထက်မပိုစေရ။ လီသီယမ်အိုင်းယွန်းဘတ္တရီများအတွက် Watt/ hour နှုန်းထားသည် ၁၀၀ Wh ထက်မပိုစေရ။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ခရီးဆောင်အီလက်ထရွှန်နစ်ပစ္စည်းကိရိယာ အများဆုံး ၁၅ ခုသာ သယ်ယူရန် ကန့်သတ်ထားသည်။ လီသီယမ်ဘတ္တရီတပ်ဆင်ထားသည့် ခရီးဆောင်အိတ်များတွင် ဘတ္တရီသည် ဖြုတ်၊ တပ်နိုင်ရမည်။ ၎င်းခရီးဆောင်အိတ်ကို အပ်နှံပစ္စည်းအဖြစ် အပ်နှံပါက ဘတ္တရီကိုဖြုတ်ပြီး လေယာဉ်ခရီးသည်ခန်းတွင် သယ်ယူထားရှိရမည်။ ခွင့်ပြု ခွင့်မပြု မလို မလို
ဘတ္တရီများ အပို/ အလွတ်၊ လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်အိုင်းယွန်းအခဲ (သို့မဟုတ်) ဓာတ်ခဲများအပါအဝင် - ခရီးဆောင်အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများအတွက် အသုံးပြုသည့် အထက်ပါဘတ္တရီများကို လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများတွင်သာ ထည့်သွင်းသယ်ဆောင်ရမည်။ လီသီယမ်သတ္တုဘတ္တရီအတွက် လီသီယမ်သတ္တုပါဝင်မှုသည် ၂ ဂရမ်ထက်မပိုရ။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt/ hour နှုန်းအရ ၁၀၀ Wh ထက်မပိုရ။ စွမ်းအင်အရင်းအမြစ်အဖြစ် အဓိကရည်ရွယ်ထားသည့်ပစ္စည်းများ (ဥပမာ - Power bank) အား အပိုဘတ္တရီအဖြစ်သတ်မှတ်သည်။ အဆိုပါဘတ္တရီများအား လျှပ်စစ်ပတ်လမ်းဖြတ်ခြင်း မဖြစ်စေရန် တစ်ခုချင်းစီကို အများဆုံး အပို ဘတ္တရီ ၂၀ သာ သယ်ယူရန်ကန့်သတ်သည်။  ခွင့်ပြု ခွင့်မပြု မလို မလို
ယိုဖိတ်ခြင်းမရှိသည့် ဘတ္တရီများပါဝင်သော ခရီးဆောင်အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ - ဘတ္တရီများသည် A 67 ပါ သတ်မှတ်ချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး ၁၂ ဗို့နှင့်အောက်၊ ၁၀၀ Wh နှင့်အောက်ရှိရမည်။ အများဆုံးအပိုဘတ္တရီ ၂ လုံး သယ်ယူခွင့်ပြုမည်ဖြစ်သည်။ (အသေးစိတ်ကို ရည်ညွှန်းချက် ၁၄ တွင်ကြည့်ပါ) ခွင့်ပြု ခွင့်ပြု မလို မလို
ရေဒီယိုအိုင်ဆိုတုတ် နှလုံးခုန်နှုန်းထိန်းညှိစက်နှင့် အခြားကိရိယာများ - လီသီယမ်ဘတ္တရီစွမ်းအင်ကိုအသုံးပြုပြီး လူပုဂ္ဂိုလ်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းထည့်သွင်း (သို့မဟုတ်) ခန္ဓာကိုယ်ပြင်ပ တစ်နေရာတွင် အသေတပ်ဆင်ထားခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်ပေါ်တွင် မလို မလို
အန္တရာယ်မဖြစ်သည့် မီးခြစ်ဆံများ (ဘူးသေးတစ်ဘူး) (သို့မဟုတ်) သေးငယ်သည့်စီးကရက်မီးခြစ် - ဓာတ်ငွေ့အရည်မှလွဲ၍ စိမ့်မဝင်နိုင်သောလောင်စာရည် မပါဝင်သည့်မီးခြစ်များ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ ကိုယ်ပိုင်သုံးအဖြစ် ရည်ရွယ်သယ်ဆောင်လာသော ပစ္စည်းဖြစ်သည်။ မီးခြစ်လောင်စာနှင့် မီးခြစ်လောင်စာအပို (Refill) ကို လူပုဂ္ဂိုလ်တွင်လည်းကောင်း၊ အပ်နှံခရီးဆောင်အိတ်/ ပစ္စည်း (သို့မဟုတ်) လက်ဆွဲပစ္စည်းတွင်လည်းကောင်း သယ်ဆောင်ခွင့်မပြုပေ။
မှတ်ချက် - မည်သည့်နေရာတွင်ခြစ်ခြစ်၊ မီးတောက်သည့်မီးခြစ်ဆံများ၊ အပြာရောင်မီးတောက် (သို့မဟုတ်) ဆေးပြင်းလိပ်မီးညှိသည့်မီးခြစ်များ၊ လုံခြုံရေးထိပ်ဖုံး (သို့မဟုတ်) မတော်တဆမီးပွင့်နိုင်မှုကို ကာကွယ်နိုင်သည့် ပစ္စည်းတစ်ခုခုမပါရှိသည့် လီသီယမ်ဘတ္တရီစွမ်းအားသုံး မီးခြစ်များကို သယ်ယူခြင်းမပြုရန် တားမြစ်ထားသည်။
လူပုဂ္ဂိုလ်ပေါ်တွင် မလို မလို

 

မှတ်ချက် - နိုင်ငံတော် (သို့မဟုတ်) လေကြောင်းကုမ္မဏီမှ သတ်မှတ်ပြဌာန်းထားသည့် ခရီးသည်များ (သို့မဟုတ်) လေယာဉ်အဖွဲ့သားများ သယ်ဆောင်သော ဘေးအန္တရာယ်ရှိ ကုန်စည်ပစ္စည်းများဆိုင်ရာ ပြဌာန်းသတ်မှတ်ချက်များသည် အပြောင်းအလဲများရှိနိုင်သည်။ ခရီးသည်များအနေဖြင့် လက်ရှိသတ်မှတ်ပြဌာန်းချက်များကို စစ်ဆေးလေ့လာသင့်သည်။ 

 

ရည်ညွှန်းချက် (၁) (ပြဒါးပါဘာရိုမီတာ သို့မဟုတ် သာမိုမီတာ)

အစိုးရမိုးလေဝသဌာန (သို့မဟုတ်) အလားတူအေဂျင်စီမှ တာဝန်ရှိသူတစ်ဦး သယ်ဆောင်လာသည့် ပြဒါးပါ ဘာရိုမီတာ (သို့မဟုတ်) သာမိုမီတာ။ အဆိုပါဘာရိုမီတာ (သို့မဟုတ်) သာမိုမီတာကို လုံခြုံသည့်အတွင်းအနားကွပ်ရှိသော (သို့မဟုတ်) ယိုစိမ့်မှုမရှိကြောင်း အာမခံနိုင်သည့် ခိုင်ခန့်သောအိတ်တစ်လုံးတွင်ထည့်လျက် ပြင်ပမှတောင့်တင်းသော ထုပ်ပိုးမှုတစ်ရပ်ဖြင့် ထုပ်ပိုးထားရမည်။ မည်သည့်အနေအထားမျိုးတွင်မဆို ထုပ်ပိုးထားသည့်အတွင်းမှ ပြင်ပသို့ ပြဒါးလွတ်ထွက်မှုကို တားဆီးနိုင်ရန် ပြဒါးမယိုစိမ့်နိုင်သည့် မပေါက်မပြဲဒဏ်ခံနိုင်သည့် အရာများဖြင့် ထုပ်ပိုးထားရမည်ဖြစ်သည်။

ရည်ညွှန်းချက် (၁) (ယိုစိမ့်နိုင်သည့် ဘတ္တရီများနှင့် ဘီတပ်ကုလားထိုင်များ/ ရွေ့လျားမှုအထောက်အကူပြုကိရိယာများ)

မသန်စွမ်းမှု၊ ကျန်းမားရေး (သို့မဟုတ်) အသက်အရွယ် (သို့မဟုတ်) ယာယီသွားလားမှုပြသာနာ (ဥပမာ - ခြေထောက်ကျိုးမှု) စသည့်သွားလာမှုကို ကန့်သတ်ခံထားရသည့် ခရီးသည်များအသုံးပြုရန်ဘတ္တရီ (ယိုဖိတ်နိုင်သောဘတ္တရီများ) စွမ်းအားသုံးဘီးတပ်ကုလားထိုင်များ (သို့မဟုတ်) အခြားရွေ့လျားမှု အထောက်အကူပြုကိရိယာများ -

(က) ဘီးတပ်ကုလားထိုင် (သို့မဟုတ်) ရွေ့လျားမှုအထောက်အကူပြုကိရိယာသည် အစဉ်အမြဲတည့်မတ်သည့် (တည့်တည့်) အနေအထေားဖြင့် လေယာဉ်ပေါ်တင်ခြင်း၊ လေယာဉ်ကုန်ခန်းအတွင်းထားသိုခြင်း၊ ချည်နှောင်ခြင်းနှင့် လေယာဉ်ပေါ်မှချခြင်းတို့ကို ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ချိန်တွင် ဘီးတပ်ကုလားထိုင်၌ ဘတ္တရီကို တပ်ဆင်ထားမြဲထားရှိမည်ဆိုပါက လေကြောင်းလိုင်းမှ အောက်ပါတို့ကို စိစစ်အတည်ပြုရမည်ဖြစ်သည် -

၁။ ဘတ္တရီလျှပ်စစ်ပတ်လမ်းရှိ အဖို၊ အမစွန်းများကို လျှပ်စစ်ပြတ်လမ်းဖြတ်ခြင်း မရှိစေရန် ကာကွယ်ထားသည်။ ဥပမာ ဘတ္တရီအိုးအတွင်း ပိတ်ဆို့ထားခြင်းမျိုး

၂။ ဘတ္တရီကို ဘီးတပ်ကုလားထိုင် (သို့မဟုတ်) အခြားရွေ့လျားမှု အထောက်အကူပြုကိရိယာတွင် လုံခြုံစိတ်ချစွာပူးတွဲတပ်ဆင်ထားသည်။

၃။ လျှပ်စစ်ပတ်လမ်းများကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်များအတိုင်း သီးခြားခွဲခြား၊ အဆက်အသွယ်ဖြတ်ထားသည်။

၄။ ဘတ္တရီကို သင့်လျော်သည့်နေရာတွင် ယိုဖိတ်ခြင်းမပြုနိုင်သော အပေါ်ကဆို့ထိပ်ဖုံးနှင့် တပ်ဆင်ထားသည်။

(ခ) အကယ်၍ ဘီးတပ်ကုလားထိုင် (သို့မဟုတ်) အခြားရွေ့လျားမှု အထောက်အကူပြုကိရိယာသည် အစဉ်အမြဲ တည့်မတ်သည်အနေအထားဖြင့် လေယာဉ်ပေါ်သို့တင်ခြင်း၊ ထားသိုခြင်း၊ ချည်နှောင်ခြင်း၊ လေယာဉ်ပေါ်သို့ချခြင်းတို့ကို မပြုလုပ်နိုင်ပါက ဘတ္တရီကိုဖယ်ရှား (ဖြုတ်ထုတ်) ရမည်။ ဘတ္တရီဖြုတ်ထားသော ဘီးတပ်ကုလားထိုင်(သို့မဟုတ်) အခြားရွေ့လျားမှု အထောက်အကူပြုကိရိယာကို အပ်နှံပစ္စည်းအဖြစ် မည်သည့်ကန့်သတ်ချက်မျှမရှိပဲ သယ်ဆောင်နိုင်မည်ဖြစ်သည်။

(မှတ်ချက်။ MAI သည် ယိုဖိတ်နိုင်သောဘတ္တရီများနှင့် ဘီးတပ်ကုလားထိုင် (သို့မဟုတ်) အခြားရွေ့လျားမှု အထောက်အကူပြုကိရိယာများအား တည့်မတ်သည့် (တည့်တည့်) အနေအထားဖြင့် လေယာဉ်ပေါ်သို့တင်ရန် လက်သင့်ခံဆောင်ရွက်မည်ဖြစ်သည်။ အကယ်၍ တည့်မတ်သောအနေအထားဖြင့် လေယာဉ်တင်ရန်နှင့် သယ်ဆောင်ရန် လေယာဉ်မှ ခွင့်မပြုပါက အဆိုပါဘီးတပ်ကုလားထိုင်ကို လက်ခံမည်မဟုတ်ပါ)

ရည်ညွှန်းချက် (၃) (လီသီယမ်အိုင်းယွန်းဘတ္တရီဖြင့် ဘီးတပ်ကုလားထိုင်များ/ ရွေ့လျားမှု အထောက်အကူပြုကိရိယာများ)

မသန်စွမ်းမှု၊ ကျန်းမားရေးနှင့် အသက်အရွယ် (သို့မဟုတ်) ယာယီရွေ့လျားသွားလာမှုပြဿနာ (ဥပမာ - ခြေထောက်ကျိုး) စသည့် ရွေ့လျားမှုဆိုင်ရာ ကန့်သတ်ခံနေရသည့် ခရီးသည်များအသုံးပြုရန် လီသီယမ်အိုင်းယွန်း ဘတ္တရီစွမ်းအင်သုံး ဘီးတပ်ကုလားထိုင်များနှင့် ရွေ့လျားမှု အထောက်အကူပြုကိရိယာများကို အောက်ပါအခြေအနေများအပေါ်မူတည်၍ ဆောင်ရွက်မည် -

(က) ဘတ္တရီများသည် UN စစ်ဆေးမှုများနှင့် စံလက်ဆွဲစာအုပ်၊ အပိုင်း ၃ အပိုဒ်ခွဲ ၃၈.၃ တွင် ဖော်ပြထားသော စမ်းသပ်မှုတိုင်း၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမျိုးအစားဖြစ်ရမည်။

(ခ) ဘတ္တရီစွမ်းအင်သုံး ဘီးတပ်ကုလားထိုင် (သို့မဟုတ်) အခြားအလားတူ ရွေ့လျားမှု အထောက်အကူပြုကိရိယာများတွင် တပ်ဆင်ထားသည့် ဘတ္တရီများကို သိုင်းကြိုးများအသုံးပြုလျက် ချည်နှောင်ကာ (သို့မဟုတ်) အခြားချုပ်ထိန်းထားနိုင်မည့်ပစ္စည်းများ အသုံးပြုလျက် လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ထားရမည်။ ရွေ့လျားမှု အထောက်အကူပြုကိရိယာ၊ ဘတ္တရီများ၊ လျှပ်စစ်ကြိုးများနှင့် ထိန်းချုပ်ခလုတ်များကို အခြားကုန်ပစ္စည်းများ၏ ရွေ့လျားမှုအပါအဝင် ထိခိုက်ပျက်စီးမှုမဖြစ်စေရန် ကာကွယ်ပေးထားရမည်။

(ဂ) လေကြောင်းလိုင်းမှ စိစစ်အတည်ပြုရန် -
၁။ ဘတ္တရီလျှပ်စစ်ပတ်လမ်းရှိ အဖို၊ အမစွန်းများကို လျှပ်စစ်ပြတ်လမ်းဖြတ်ခြင်း မရှိစေရန် ကာကွယ်ထားသည်။ ဥပမာ ဘတ္တရီအိုးအတွင်း ပိတ်ဆို့ထားခြင်းမျိုး
၂။ ဘတ္တရီသည် -

(၁) ရွေ့လျားမှု အထောက်အကူပြုကိရိယာတွင် လုံခြုံစိတ်ချစွာ တပ်ဆင်ထားပြီး လျှပ်စစ်ပတ်လမ်းများကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်များအတိုင်း သီးခြား၊ ခွဲခြား၊ အဆက်ဖြတ်ထားသည်။

(၂) ရွေ့လျားမှု အထောက်အကူပြုကိရိယာသည် ဘတ္တရီဖြုတ်ထားရန် အထူးပုံစံထုတ်ထားပါက ထုတ်လုပ်သူ၏ညွှန်ကြားချက်များအတိုင်း အသုံးပြုသူမှ ဘတ္တရီများကို ဖြုတ်ထားသည်။ ရွေ့လျားမှု အထောက်အကူပြုကိရိယာမှ ဖြုတ်ထားသည့်ဘတ္တရီသည် ၃၀၀ Wh ထက်မပိုရ (သို့မဟုတ်) ရွေ့လျားမှု အထောက်အကူပြုကိရိယာတွင် ဘတ္တရီ ၂ လုံးတပ်ဆင်ထားပါက ဘတ္တရီတစ်လုံးချင်းစီသည် ၁၆၀ Wh ထက်မကျော်လွန်စေရ။
(ဃ) ခရီးသည်တစ်ဦးသည် အများဆုံး လီသီယမ်အိုင်းယွန်းဘတ္တရီ အပို ၁ လုံး (300 Wh ထက်မပိုရ) (သို့မဟုတ်) အပိုဘတ္တရီ ၂ လုံး (တစ်လုံးချင်းစီသည် ၁၆၀ Wh ထက်မပိုရ) ကို သယ်ဆောင်နိုင်သည်။

(င) ရွေ့လျားမှု အထောက်အကူပြုကိရိယာမှ ဖြုတ်ထားသောဘတ္တရီနှင့် အပိုဘတ္တရီများကို လေယာဉ်ခရီးသည်အခန်းတွင်သာ သယ်ဆောင်ရမည်။ ဖြုတ်ထားသော (သို့မဟုတ်) အပိုဘတ္တရီများကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးထားရမည် (ဥပမာ။ ဘတ္တရီတစ်ခုချင်းစီကို သားရေအိတ်ကဲ့သို့ ထိခိုက်မှုကာကွယ်ပေးနိုင်သော အိတ်များတွင် ထည့်သွင်းထားခြင်းမျိုးဖြစ်သည်)

(စ) ခရီးသည်များသည် လေကြောင်းလိုင်းနှင့် ကြိုတင်ညှိနှိုင်း စီစဉ်ဆောင်ရွက်ရမည်။

ရည်ညွှန်းချက် (၄) (ဆေးဘက်သုံးရန် အောက်ဆီဂျင် သို့မဟုတ် လေ သို့မဟုတ် ဓာတ်ငွေ့အနှောဆလင်ဒါဘူးများ)

MAI အနေဖြင့် ခရီးသည်များအား ၎င်းတို့ကိုယ်ပိုင်အောက်ဆီဂျင်ဘူးကိရိယာများကို လေယာဉ်ပေါ်တွင်ယူဆောင် (သို့မဟုတ်) အသုံးပြုရန် ခွင့်မပြုထားပေ။ MAI မှ FAA အသိအမှတ်ပြု ကုသမှုဆိုင်ရာကိရိယာတစ်ခုဖြစ်သော ဓာတ်ငွေ့အရောအောက်ဆီဂျင်ကိုသာ လေကြောင်းခရီးစဉ်အတွင်း ခရီးသည်များအသုံးပြုနိုင်ရန် ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါခရီးသည်အနေဖြင့် လက်မှတ်ရဆရာဝန် (သို့မဟုတ်) ခရီးသည်၏လိုအပ်ချက်ကို ဂရုတစိုက်ကူညီဆောင်ရွက်ပေးနိုင်ပြီး ပစ္စည်းကိရိယာများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် ဗဟုသုတရှိသည့် သူနာပြုတစ်ဦးကို ခရီးသွားဖော်အဖြစ် အတူခေါ်ဆောင်လာရန် လိုအပ်မည်ဖြစ်သည်။ 

ရည်ညွှန်းချက် (၅) (ယိုဖိတ်ခြင်းမဖြစ်နိုင်သော ဘတ္တရီအစိုများ (သို့မဟုတ်) အထူးပြဌာန်းချက် A 123 (သို့) A 199 နှင့်ကိုက်ညီသောဘတ္တရီများ အသုံးပြုသည့် ဘီးတပ်ကုလားထိုင်များနှင့် ရွေ့လျားမှု အထောက်အကူပြုကိရိယာများ

မသန်စွမ်းမှု၊ ကျန်းမားရေးနှင့် အသက်အရွယ် (သို့မဟုတ်) ယာယီရွေ့လျားသွားလာမှုပြဿနာ (ဥပမာ - ခြေထောက်ကျိုး) စသည့် ရွေ့လျားမှုဆိုင်ရာ ကန့်သတ်ခံနေရသည့် ခရီးသည်များအသုံးပြုရန် ဘတ္တရီစွမ်းအင်သုံး ဘီးတပ်ကုလားထိုင်များ (သို့မဟုတ်) အခြားအလားတူ ရွေ့လျားမှုအထောက်အကူပြုကိရိယာများတွင် မယိုဖိတ်နိုင်သော ဘတ္တရီအစို (သို့မဟုတ်) အထူးပြဌာန်းချက် A 123 (သို့) A 199 နှင့်ကိုက်ညီသောဘတ္တရီများ တပ်ဆင်ထားရှိမှု။ အဆိုပါဘတ္တရီများသည် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) ရွေ့လျားမှုအထောက်အကူပြုကိရိယာကို ခရီးသွားလာရေးအတွက် အောက်ပါအချက်များကို တားဆီးနိုင်ရန် ပြင်ဆင်ထားရမည် -
၁။ မတော်တဆခလုတ်ပွင့်ခြင်း နှင့်

၂။ မယိုဖိတ်နိုင်သောဘတ္တရီများတွင် မည်သည့်အရည်ထွက် (သို့မဟုတ်) မဆုတ်ယူနိုင်သော အရည်တစ်စုံတစ်ရာပါဝင်ရန် ခွင့်မပြုပေ။

(ခ) ဘတ္တရီစွမ်းအင်သုံးဘီးတပ်ကုလားထိုင် (သို့မဟုတ်) အခြားအလားတူ ရွေ့လျားမှုအထောက်အကူပြုကိရိယာများတွင် သိုင်းကြိုးများအသုံးပြုလျက် ချည်နှောင်ကာ (သို့မဟုတ်) အခြားချုပ်ထိန်းထားနိုင်မည့်ပစ္စည်းများ အသုံးပြုလျက် လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ထားရမည်။ ရွေ့လျားမှု အထောက်အကူပြုကိရိယာ၊ ဘတ္တရီများ၊ လျှပ်စစ်ကြိုးများနှင့် ထိန်းချုပ်ခလုတ်များကို အခြားကုန်ပစ္စည်းများ၏ ရွေ့လျားမှုအပါအဝင် ထိခိုက်ပျက်စီးမှုမဖြစ်စေရန် ကာကွယ်ပေးထားရမည်။

(ဂ) လေကြောင်းလိုင်းမှ စီစစ်အတည်ပြုရန် -
၁။ ဘတ္တရီများသည် ယိုဖိတ်မှုမရှိသော ဘတ္တရီအစိုများဖြစ်ပြီး အထူးပြဌာန်းချက် A67: see (a) (သို့မဟုတ်) နီကယ်သတ္တုဟိုက်ဒရိုဂျင်ဘတ္တရီ (သို့မဟုတ်) ဓာတ်ခဲခြောက်ဖြစ်ကြောင်း ခရီးသည်က အတည်ပြုပေးထားသည်။

၂။ ဘတ္တရီလျှပ်စစ်ပတ်လမ်းရှိ အဖို၊ အမစွန်းများကို လျှပ်စစ်ပြတ်လမ်းဖြတ်ခြင်း မရှိစေရန် ကာကွယ်ထားသည်။ ဥပမာ ဘတ္တရီအိုးအတွင်း ပိတ်ဆို့ထားခြင်းမျိုး

၃။ ဘတ္တရီသည် -

(၁) ရွေ့လျားမှု အထောက်အကူပြုကိရိယာတွင် လုံခြုံစိတ်ချစွာ တပ်ဆင်ထားပြီး လျှပ်စစ်ပတ်လမ်းများကို ထုတ်လုပ်သူ၏ ညွှန်ကြားချက်များအတိုင်း သီးခြား၊ ခွဲခြား၊ အဆက်ဖြတ်ထားသည်။

(၂) ရွေ့လျားမှုအထောက်အကူပြုကိရိယာသည် ဘတ္တရီဖြုတ်ထားရန် အထူးပုံစံထုတ်ထားပါက ထုတ်လုပ်သူ၏ညွှန်ကြားချက်များအတိုင်း အသုံးပြုသူမှ ဘတ္တရီများကို ဖြုတ်ထားသည်။

(ဃ) ခရီးသည်တစ်ဦးအနေဖြင့် အများဆုံးအပိုဘတ္တရီ တစ်လုံး သယ်ယူနိုင်သည်။

(င) ဘီးတပ်ကုလားထိုင်/ ရွေ့လျားမှုအထောက်အကူပြုကိရိယာမှ ဖြုတ်ထားသော မည်သည့်ဘတ္တရီမဆို (သို့မဟုတ်) အပိုဘတ္တရီများကို ခိုင်ခန့်တင်းကျပ်စွာထုပ်ပိုးကာ လေယာဉ်ကုန်ပစ္စည်းများ သိုလှောင်ခန်းတွင် သယ်ယူရမည်။

(စ) ခရီးသည်သည် လေကြောင်းလိုင်းနှင့် ကြိုတင်စီစဉ်ညှိနှိုင်းမှုများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ယိုဖိတ်ကျနိုင်သောဘတ္တရီများကို ပစ္စည်းအပ်နှံချိန်တွင် မယိုစိမ့်နိုင်သော အဆို့အဖုံးများဖြင့် တပ်ဆင်ထားသင့်သည်။

အထူးပြဌာန်းချက် A 123

အပိုဒ်ခွဲ ၇.၂၊ ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများစာရင်းတွင် ပါရှိသည့် ပစ္စည်းများမှအပ ဘတ္တရီများ၊ လျှပ်စစ်သိုလှောင်ပစ္စည်းများမှာ ဤပြဌာန်းချက်တွင် အကျုံးဝင်သည်။ ထိုသို့သောဘတ္တရီများမှာ၊ ဥပမာအားဖြင့် အယ်လ်ကာခီ - မန်ဂနိစ်၊ ဇင့် - ကာဗွန်၊ နီကယ် - မတ္တယ် ဟိုဒရိုက်နှင့် နီကယ် - ကတာ်မီယမ်ဘတ္တရီများဖြစ်သည်။ မည်သည့်လျှပ်စစ်ဘတ္တရီ (သို့မဟုတ်) ဘတ္တရီစွမ်းအားသုံးပစ္စည်းများ၊ ကိရိယာများ (သို့မဟုတ်) ယာဉ်များသည် အန္တရာယ်ရှိအပူဆင့်ကဲပြောင်းလဲမှု အလားအလာရှိသဖြင့် ၎င်းတို့ကိုသယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။

(၁) လျှပ်စစ်ပတ်လမ်းဖြတ်မှု (ဥပမာ၊ ဘတ္တရီများဆိုပါက ထွက်နေသည့်လျှပ်စစ်ခေါင်း (အဖို၊ အမအစွန်း) များကို လျှပ်စစ်စီးဆင်းမှုမရှိစေရန် ထိထိရောက်ရောက်တားမြစ်ထားခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) ပစ္စည်းကိရိယာများဆိုပါက ဘတ္တရီများကို အဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် ထွက်နေသည့်လျှပ်စစ်ခေါင်း အဖို၊ အမအစွန်း) များကို ကာကွယ်ခြင်းဖြင့်လည်းကောင်း) နှင့်
(၂) မတော်တဆလျှပ်ကူးမှုဖြစ်ခြင်း

အထူးပြဌာန်းချက် A 199

UN နံပါတ် UN 3496 သည် ရေကြောင်းသယ်ယူပို့ဆောင်မှုနှင့်သာ သက်ဆိုင်သည်။ နီကယ်မတ်တယ် (သတ္တု) ဟိုက်ဒရိုက်ဘတ္တရီ (သို့မဟုတ်) နီကယ် - မတ်တယ် ဟိုက်ဒရိုက်ဘတ္တရီစွမ်းအားသုံးကိရိယာများ၊ ပစ္စည်းများ (သို့မဟုတ်) ယာဉ်များသည် အန္တရာယ်ရှိသော အပူဆင့်ကဲပြောင်းလဲမှု အလားအလာရှိသဖြင့် UN 3496 တွင် ပြဌာန်းထားသည့် သတ်မှတ်ချက်များအပေါ်မူမတည်ပဲ ၎င်းတို့ကို သယ်ယူပို့ဆောင်ရေးအတွက် ကာကွယ်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
(၁) လျှပ်စစ်ပတ်လမ်းဖြတ်မှု (ဥပမာ၊ ဘတ္တရီများဆိုပါက ထွက်နေသည့်လျှပ်စစ်ခေါင်း (အဖို၊ အမအစွန်း) များကို လျှပ်စစ်စီးဆင်းမှုမရှိစေရန် ထိထိရောက်ရောက်တားမြစ်ထားခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) ပစ္စည်းကိရိယာများဆိုပါက ဘတ္တရီများကို အဆက်အသွယ်ဖြတ်တောက်ခြင်းနှင့် ထွက်နေသည့်လျှပ်စစ်ခေါင်း အဖို၊ အမအစွန်း) များကို ကာကွယ်ခြင်းဖြင့်လည်းကောင်း) နှင့်
(၂) မတော်တဆလျှပ်ကူးမှုဖြစ်ခြင်း

အထူးပြဌာန်းချက် A 67

ဘတ္တရီအစိုများကို အောက်ဖော်ပြပါ မတူညီသောစမ်းသပ်မှုများဖြင့် ဘတ္တရီမှအရည်များ ယိုစိမ့်ထွက်မှုမရှိပဲ တုန်ခါမှုနှင့် ဖိအားကိုခံနိုင်စွမ်းရှိမှသာလျှင် ၎င်းဘတ္တရီများကို ယိုဖိတ်ခြင်းမရှိသော ဘတ္တရီများဟု သတ်မှတ်နိုင်မည်ဖြစ်သည်။

တုန်ခါမှုစမ်းသပ်ချက်

ဘတ္တရီကို တုန်ခါမှုစက်၏ခုံပေါ်တွင် တင်းတင်းကျပ်ကျပ် မြဲမြံစွာညှပ်ထားပြီး တုန်ခါမှုနှုန်းအမြင့်ဆုံးပမာဏ သုည ဒသမ ၈ မီလီမီတာ (အမြင့်ဆုံး စုစုပေါင်းတိမ်းစောင်းမှု ၁ ဒသမ ၆ မီလီမီတာ) ဖြင့် သာမန်စည်းချက်မှန် လှုပ်ရှားမှု ပြုလုပ်စမ်းသပ်ပါ။ ကြိမ်နှုန်းမှာ 10 Hz မှ 55 Hz အကြား (1 Hz သည် တစ်မိနစ်လျှင် ၆၀ ပတ်လည်လှည့်နှုန်းနှင့် တူညီသည်) ကန့်သတ်ဆောင်ရွက်ပါ။ ကြိမ်နှုန်းပမာဏအစဉ်အတိုင်း တစ်ရပ်လုံးနှင့် အပြန်အလှန်အစီအစဉ်အတိုင်းသည် ဘတ္တရီ၏အနေအထားအတိုင်း (တုန်ခါမှုဦးတည်ချက်) အတွက် ၉၅ + (မိနစ် အတိုး/ အလျော့) ၅ မိနစ် ဖြတ်ကျော်ရမည်။ ဘတ္တရီကို အပြန်အလှန်ထောင့်မှန်အနေအထားသုံးမျိုး လေထွက်ပေါက်များနှင့်အကြားအဟများကို ဖြည့်လျက် စမ်းသပ်မှုအပါအဝင်နှင့် လိုအပ်ပါက ပြောင်းပြန်အနေအထားဖြင့်) ဖြင့်တူညီသည့် အချိန်ကာလသတ်မှတ်ချက်များအတိုင်း စမ်းသပ်စစ်ဆေးရမည်ဖြစ်သည်။


ဖိအားဆိုင်ရာမတူညီသည့်စမ်းသပ်ချက်များ

တုန်ခါမှုစမ်းသပ်ပြီးနောက် ဘတ္တရီကို ၂၄ ဒီဂရီစင်တီဂရိတ် (အတိုး/ အလျော့ ၄ ဒီဂရီစင်တီဂရိတ်) တွင် ၆ နာရီကြာထားရှိပြီး တချိန်တည်းမှာပင် အနည်းဆုံးဖိအားယူနစ် 88 KPa (ကီလိုပါစကေး) ရှိသည် မတူညီသည့်ဖိအားများ သက်ရောက်စေရမည်ဖြစ်သည်။ ဘတ္တရီကို အပြန်အလှန်ထောင့်မှန်အနေအထားသုံးမျိုး (အကြားအဟနှင့် လေထွက်ပေါက်များကို ဖြည့်လျက် စမ်းသပ်မှုအပါအဝင်နှင့် လိုအပ်ပါက ပြောင်းပြန်လှန်အနေအထား) ဖြင့် အနေအထားတိုင်းကို တစ်မျိုးလျှင် အနည်းဆုံး ၆ နာရီကြာ စမ်းသပ်ရမည်ဖြစ်သည်။

မှတ်ချက် - မယိုဖိတ်နိုင်သောအမျိုးအစားဘတ္တရီများသည် စက်မှု (သို့မဟုတ်) အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ၏ ခွဲထုတ်၍မရသောနှင့် လုပ်ငန်းဆောင်ရွက် (မောင်းနှင်) ရန် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ၎င်းတို့ကို ပစ္စည်းကိရိယာပေါ်ရှိ ဘတ္တရီထည့်စရာအတွင်း သေချာစွာချည်နှောင်ထားရမည်ဖြစ်ပြီး လျှပ်စစ်ပတ်လမ်းဖြတ်ခြင်းနှင့် ထိခိုက်ပျက်စီးမှု တားဆီးရေးအတွက် ကာကွယ်ထားရှိရမည်ဖြစ်သည်။

မယိုဖိတ်နိုင်သောဘတ္တရီများသည် လေကြောင်းပို့ကုန်အဖြစ်သယ်ယူသည့်အခါ ဤသတ်မှတ်ပြဌာန်းချက်များနှင့် အကျုံးဝင်မှုမရှိပေ။ အကယ်၍ အပူချိန် ၅၅ ဒီဂရီစင်တီဂရိတ်တွင် လျှပ်လိုက်ရည်များသည် ပေါက်နေသော (သို့မဟုတ်) အက်နေသောဘူးအတွင်းမှ စီးထွက်လာမည်မဟုတ်ပေ) မည်သည့်လျှပ်စစ်ဘတ္တရီ (သို့မဟုတ်) ဘတ္တရီစွမ်းအားသုံးပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ (သို့မဟုတ်) ယာဉ်များသည် အန္တရာယ်ရှိသည့် အပူဆင့်ကဲပြောင်းလဲမှု အလားအလားရှိနေသဖြင့် ၎င်းတို့ကိုသယ်ယူပို့ဆောင်ရာတွင် အန္တရာယ်မှကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်သည်။

(၁) လျှပ်စစ်ပတ်လမ်းဖြတ်မှု (ဘတ္တရီများတွင် ပေါ်ထွက်နေသည့် အဖို၊ အမစွန်းများကို လျှပ်ကူးမှုမဖြစ်စေရန် ထိရောက်သည့်တားမြစ်မှုကို ဆောင်ရွက်ခြင်း (သို့မဟုတ်) ပစ္စည်းကိရိယာများတွင် ဘတ္တရီများကို အဆက်အသွယ်ဖြတ်တောက်ထားခြင်းနှင့် ပေါ်ထွက်နေသော အဖို၊ အမအစွန်းများကို ကာကွယ်ထားခြင်း) နှင့်

(၂) မတော်တဆ (အလိုအလျောက်) လျှပ်ကူးမှုမဖြစ်ပေါ်လာစေခြင်း

 

ရည်ညွှန်းချက် (၆) (လုံခြုံရေးအမျိုးအစားပစ္စည်းကိရိယာများ)

ရုံးသုံးလက်ဆွဲအိတ်၊ ငွေသေတ္တာများ၊ ငွေထည့်အိတ်များစသည့် လုံခြုံရေးအမျိုးအစား ပစ္စည်းကိရိယာများကို ၎င်းတို့၏အစိတ်အပိုင်းများ ဥပမာ - လီသီယမ်ဘတ္တရီများ (သို့မဟုတ်) မီးရှူးမီးပန်းနှင့်ဆိုင်သော အရာများကြောင့် ဘေးအန္တရာယ်ရှိကုန်ပစ္စည်းများစာရင်းတွင် ထည့်သွင်းထားပြီး အဆိုပါပစ္စည်းကိရိယာများကို အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီမှသာ အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းအဖြစ် သယ်ယူခွင့်ပြုမည်ဖြစ်သည်။

(က) အဆိုပါပစ္စည်းများကို မတော်တဆ (အလိုအလျောက်) လျှပ်ကူးမှုမဖြစ်စေရေး ထိရောက်သည့်ကြိုတင်ကာကွယ်တားဆီးမှုများဖြင့် အပြည့်အစုံဆောင်ရွက်ထားရှိရမည်။

(ခ) အဆိုပါပစ္စည်းများတွင် ပေါက်ကွဲစေတတ်သောပစ္စည်း (သို့မဟုတ်) မီးရှူးမီးပန်းဖြစ်စေသည့်အရာဝတ္တုများ (သို့မဟုတ်) ပေါက်ကွဲစေတတ်သောအမှုံများ ပါဝင်ပါက (အဆိုပါအရာဝတ္တုနှင့် အမှုန်များသည် အန္တရာယ်ရှိကုန်ပစ္စည်းများ ကန့်သတ်ချက် (DGR) ၃.၁.၇.၁ နှင့်အညီ ကုန်ထုတ်လုပ်သည့်နိုင်ငံ၊ အမျိုးသားအားဏာပိုင်များမှ သတ်မှတ်ထားသည့် အဆင့် (၁) (Class 1) တွင် ပါဝင်ခြင်းမရှိသည့် ပစ္စည်းများဖြစ်ရမည်)

(ဂ) ပစ္စည်းကိရိယာတွင် လီသီယမ်ဆဲလ် (သို့မဟုတ်) ဘတ္တရီပါဝင်ပါက အဆိုပါဆဲလ် (သို့မဟုတ်) ဘတ္တရီသည် အောက်ဖော်ပြပါကန့်သတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်သည် -

၁။ လီသီယမ်သတ္တုဆဲလ်အတွက် လီသီယမ်ပါဝင်မှုသည် ၁ ဂရမ်ထက်မများရ

၂။ လီသီယမ်သတ္တုဘတ္တရီအတွက် လီသီယမ်ပါဝင်မှု စုစုပေါင်းသည် ၂ ဂရမ်ထက်မပိုရ

၃။ လီသီယမ်အိုင်းယွန်းဆဲလ်အတွက် Watt-hour နှုန်းထားသည် ၂၀ Wh ထက်မပိုရ

၄။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt-hour နှုန်းထားသည် ၁၀၀ Wh ထက်မပိုရ

၅။ ဆဲလ် (သို့မဟုတ်) ဘတ္တရီတစ်ခုချင်းစီသည် UN စစ်ဆေးချက်များနှင့် စံနှုန်းများလက်ဆွဲစာအုပ် အခန်း ၃၊ အပိုဒ်ခွဲ ၃၈.၃ တွင် ဖော်ပြထားသည့် စမ်းသပ်မှုတိုင်း၏ လိုအပ်ချက်များကို ကိုက်ညီမှုရှိသည့် စမ်းသပ်ပြီးအမျိုးအစားများဖြစ်ရမည်။

(ဃ) အကယ်၍ ပစ္စည်းကိရိယာတွင် ဆိုးဆေးနှင့်မှင်များကို မှုတ်ထုတ်ရန် ဓာတ်ငွေ့များပါဝင်ပါက ပါဝင်သည့်ဓာတ်ငွေ့သည် ၅၀ မီလီလီတာထက်မပိုသည့် ဝင်ဆန့်နိုင်မှုရှိပြီး သေးငယ်သည့်ဓာတ်ငွေ့ဘူးနှင့် ဓာတ်ငွေ့ထည့်ပစ္စည်းများကိုသာ (သို့မဟုတ်) ဓာတ်ငွေ့အခန်း ၂.၂ မှတပါး ဤသတ်မှတ်ပြဌာန်းချက်များပေါ်မူတည်၍ ထည့်သွင်းပစ္စည်းများ ပါဝင်ခြင်းမရှိသည့် ဓာတ်ငွေ့ဘူးနှင့် ဓာတ်ငွေ့ပစ္စည်းများကို သယ်ယူခွင့်ပြုသည်။ ဓာတ်ငွေ့ထုတ်လွှတ်မှုသည် လေယာဉ်အဖွဲ့သားများ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှုကို ထိခိုက်စေသည်အထိ အလွန်အကျူးအနှောက်အယှက်ပေးခြင်း (သို့မဟုတ်) ကသိကအောက်ဖြစ်စေခြင်းများ မဖြစ်ပေါ်စေရ။ မတော်တဆအလိုအလျောက် ဓာတ်ပြုမှုဖြစ်ပေါ်ပါက အန္တရာယ်ရှိဖြစ်ပွားမှုအားလုံးသည် သက်ဆိုင်ရာပစ္စည်းကိရိယာအတွင်းတွင် ဖြစ်ပေါ်နိုင်ပြီး ကျယ်လောင်သည့်အသံများထွက်ပေါ်ခြင်း မရှိစေရပါ။

(င) လုံခြုံရေးအမျိုးအစားပစ္စည်းကိရိယာများသည် အပြစ်အနာအဆာရှိခြင်း (သို့မဟုတ်) ထိခိုက်ပျက်စီးခြင်းဖြစ်ပေါ်နေပါက သယ်ယူပို့ဆောင်ပေးခြင်းမပြု၊ တားဆီးသွားမည်ဖြစ်သည်။

ရည်ညွှန်း (၇) (စခန်းချမီးပုံများနှင့် မီးလောင်လွယ်သောလောင်စာရည်ပါဝင်သော လောင်စာဘူးများ/ စခန်းချရန်အတွက် စခန်းချမီးဖိုနှင့် လောင်စာရည်ဘူးများ)

မီးလောင်လွယ်သော လောင်စာရည်ပါဝင်သည့် မီးဖိုများကို သယ်ယူရန် စခန်းချမီးဖိုမှ လောင်စာကန်နှင့် (သို့မဟုတ်) လောင်စာဘူးရှိ လောင်စာရည်အားလုံးကို လုံးဝပြောင်စင်အောင် ဖောက်ထုတ်ရမည်ဖြစ်ပြီး အန္တရာယ်ကို ပယ်ပျက်စေမည့် လုပ်ငန်းဆောင်ရွက်ချက်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ အန္တရာယ်ကိုပယ်ပျက်စေရန် လောင်စာကန်အလွတ်နှင့် (သို့မဟုတ်) လောင်စာဘူးကို အနည်းဆုံးတစ်နာရီကြာအောင် ဖောက်ထုတ်ထားရမည်။ ထို့နောက် လောင်စာကန်နှင့် (သို့မဟုတ်) လောင်စာဘူးကို အကြွင်းအကျန်အကပ်အသတ် လောင်စာရည်များ အငွေ့ပျံသွားစေရန် အနည်းဆုံး ၆ နာရီကြာအဖုံးမပိတ်ပဲ ထားရှိရမည်။ ပိုမိုလွယ်ကူသင့်လျော်မည့် နည်းလမ်းမှာ ဥပမာ လောင်စာကန်နှင့် (သို့မဟုတ်) လောင်စာဘူးများအား ဟင်းချက်ဆီလောင်းထည့်ပေးခြင်း အကြွင်းအကျန်လောင်စာရည်များ၏ flash point (မီးလောင်နိုင်သည့် အငွေ့အဖြစ်သို့ ကူးပြောင်းရန် လိုအပ်သောအနိမ့်ဆုံးအပူချိန်) ကို မီးလောင်လွယ်သောအရည်များ၏ flash point အထက် ရောက်ရှိအောင် မြင့်တက်လာစေခြင်းကဲ့သို့ နည်းလမ်းများကိုလည်း အလားတူလက်ခံဆောင်ရွက်နိုင်သည်။ ထို့နောက် လောင်စာကန်နှင့် (သို့မဟုတ်) လောင်စာဘူးကို အဖုံးသေချာစွာပိတ်ပြီး စက္ကူပုဝါကဲ့သို့ စုပ်ယူနိုင်သည့်ပစ္စည်းမျိုးဖြင့် ရစ်ပတ်ကာ ပိုလီသိုင်လင်း (ပလပ်စတစ်တစ်မျိုး) အိတ် (သို့မဟုတ်) အလားတူအိတ်မျိုးတွင် ထည့်ထားရမည်။ ထို့နောက် အိတ်၏ထိပ်ဖျားကို ရော်ဘာကွင်းဖြင့် အလုံပိတ်စည်းထားခြင်း (သို့မဟုတ်) လျော့နိုင်တင်းနိုင်သောသိုင်းကြိုး (သို့မဟုတ်) အလားတူကြိုးတစ်မျိုးမျိုးဖြင့် စုစည်းပိတ်ဆို့ထားရမည်။

ရည်ညွှန်းချက် (၈) (ဓာတုဓာတ်ပြုပစ္စည်းစောင့်ကြပ်စစ်ဆေးပစ္စည်းကိရိယာများ)

ဇယား ၁၀.၃.၈ တွင် သတ်မှတ်ပြဌာန်းထားသည့် ရေဒီယိုသတ္တိကြွ ကန့်သတ်ချက်ထက်မပိုသော ရေဒီယိုသတ္တိကြွအရာဝတ္တုများပါဝင်သည့် ပစ္စည်းကိရိယာများ တနည်းအားဖြင့် ဓာတုဓာတ်ပြုပစ္စည်းများ စောင့်ကြပ်စစ်ဆေးကိရိယာ (CAM) နှင့် (သို့မဟုတ်) ရုတ်ချည်းသတ်ပေးနှိုးဆော်ချက်နှင့် အမျိုးအစားခွဲခြားဖော်ထုတ်ရေးပစ္စည်းများ စောင့်ကြပ်စစ်ဆေးရေးကိရိယာ (RAID-M) တို့ကို လီသီယမ်ဘတ္တရီများမပါရှိပဲ သေချာစွာထုပ်ပိုးပြီး ဓာတုလက်နက်ပစ္စည်းများ တားဆီးပိတ်ပင်ရေးအဖွဲ့အစည်းမှ အဖွဲ့ဝင်အမှုထမ်း တရားဝင်ခရီးသွားလာရာတွင် သယ်ဆောင်လာခြင်းကို ခွင့်ပြုမည်ဖြစ်သည်။

ရည်ညွှန်းချက် (၉) (အပူထုတ်လွှတ်သည့်အရာဝတ္တုများ)

ပြင်းထန်သည့်အပူကို ထုတ်လွှတ်နိုင်စွမ်းရှိပြီး အသက်ဝင်ပါက မီးလောင်မှုကိုဖြစ်ပွားစေနိုင်သည့် ဘတ္တရီစွမ်းအားသုံးပစ္စည်းကိရိယာများ၊ ဥပမာ ရေအောက်သုံး ပြင်းအားမြင့်မီးအိမ်များကို သယ်ယူရာတွင် အပူထုတ်လွှတ်နိုင်သည့် အစိတ်အပိုင်း (သို့မဟုတ်) ဘတ္တရီ (သို့မဟုတ်) အခြားပစ္စည်းအစိတ်အပိုင်း (ဥပမာ - လျှပ်စစ်ဒဏ်ခံကြိုး/ ဖြူးစ်) တို့ကို ပြုလုပ်ထားခြင်းဖြင့် အပူထုတ်လွှတ်နိုင်သည့် အစိတ်အပိုင်းကို ဘတ္တရီနှင့်သီးခြားစီ ခွဲထုတ်ထားရမည်။ ပစ္စည်းကိရိယာမှ ဖြုတ်ထားသော မည်သည့်ဘတ္တရီကိုမဆို လျှပ်စစ်ပတ်လမ်းဖြတ်ခြင်းမှ ကာကွယ်ပေးထားရမည်ဖြစ်သည်။ (မူလအရောင်းထုပ်ပိုးမှုအတွင်းထားရှိမှု သို့မဟုတ် လျှပ်စစ်အဖို၊ အမ အစွန်းများအား လျှပ်ကူးမှုမရှိစေရန် တားမြစ်ထားခြင်းမျိုး ဥပမာ - ထွက်ပေါ်နေသော လျှပ်စစ်အဖို၊ အမစွန်းများအား တိတ်ဖြင့်ပတ်ထားခြင်း သို့မဟုတ် ဘတ္တရီတစ်ခုချင်းစီကို သီးခြားပလပ်စတစ်အိတ်များ (သို့မဟုတ်) အကာအကွယ်ပေးနိုင်သည့် သားရေအိတ်များတွင် ထည့်သွင်းထားခြင်း)

ရည်ညွှန်းချက် (၁၀) (ပစ္စည်းကိရိယာများတွင် တပ်ဆင်ထားသော သေးငယ်သည့် မီးလောင်မလွယ်သည့် ဓာတ်ငွေ့ဘူးများ)

အသက်ကယ်ဂျက်ကတ် (သို့မဟုတ်) အသက်ကယ်အင်္ကျီကဲ့သို့ အလိုအလျောက်လေမှုတ်သွင်းနိုင်သော ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများတွင် ထည့်သွင်းတပ်ဆင်ထားသော သေးငယ်သည့်ဓာတ်ငွေ့ဘူးများ

၁။ ခရီးသည်တစ်ဦးလျှင် ကိုယ်ပိုင်သုံး အန္တရာယ်ကာကွယ်ရေးပစ္စည်း တစ်ခုထက်မပိုစေရ

၂။ ကိုယ်ပိုင်သုံး ဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းကို အလိုအလျောက်မတော်တဆလျှပ်ကူးမှု (ခလုတ်မနှိပ်မိ) မဖြစ်စေသည့်ပုံစံဖြင့် ထုပ်ပိုးထားရမည်။

၃။ ဘေးထွက်အန္တရာယ်မဖြစ်စေရန် ကန့်သတ်ထားသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် (သို့မဟုတ်) အခန်း ၂.၂ တွင် ဖော်ပြထားသည့် (မီးမလောင်နိုင်သော၊ အဆိပ်မသင့်စေသော) အခြားသင့်လျော်သည့်ဓာတ်ငွေ့များကို

၄။ ဓာတ်ငွေ့ဘူးများသည် ဓာတ်ငွေ့ဖြည့်ရန် ရည်ရွယ်ချက်အတွက်သာဖြစ်ရမည်

၅။ ပစ္စည်းကိရိယာတွင် သေးငယ်သည့် ဓာတ်ငွေ့ဘူး ၂ ဘူးထက် မပိုရ

၆။ အပို (အရန်ဆောင်) ဓာတ်ငွေ့ဘူး ၂ ဘူးထက် မပိုရ

အခြားပစ္စည်းကိရိယာများ -

၁။ ခရီးသည်တစ်ဦးလျှင် ဘေးအန္တရာယ်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် (သို့မဟုတ်) အခန်း ၂.၂ တွင် ဖော်ပြထားသော (မီးမလောင်နိုင်သည့်၊ အဆိပ်မသင့်စေမည့်) အခြားသင့်လျော်ရာဓာတ်ငွေ့ ဖြည့်သွင်းထားသော ဓာတ်ငွေ့ဘူး လေးဘူးထက် မပိုရ။
၂။ ဓာတ်ငွေ့ဘူးတစ်ဘူးချင်းစီသည် ရေဖြည့်သွင်းနိုင်မှု ပမာဏ ၅၀ မီလီလီတာထက် မပိုရ။

မှတ်ချက်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အတွက် ရေဖြည့်သွင်းနိုင်မှု ပမာဏ ၅၀ မီလီလီတာရှိသည့် ဓာတ်ငွေ့ဘူးသည် ၂၈ ဂရမ်နှင့် တူညီသည်။

ရည်ညွှန်းချက် (၁၁) (လီသီယမ်ဘတ္တရီစွမ်းအားသုံး အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ

ဤသတ်မှတ်ပြဌာန်းချက်များ၏ ရည်ရွယ်ချက်အတွက် လီသီယမ်ဘတ္တရီစွမ်းအားသုံး ပစ္စည်းကိရိယာများဆိုသည်မှာ အဆိုပါပစ္စည်း (သို့မဟုတ်) ကိရိယာတန်ဆာပလာများ၏ လုပ်ငန်းဆောင်ရွက်ရေးအတွက် လီသီယမ်ဆဲလ် (သို့မဟုတ်) ဘတ္တရီမှ လျှပ်စစ်စွမ်းအားများ ထုတ်ပေးမည့်ပစ္စည်း/ ကိရိယာများကို ဆိုလိုပါသည်။ အဆိုပါပစ္စည်း၊ ကိရိယာများကို လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများတွင် ထည့်သွင်းယူဆောင်ခြင်းကို အောက်ပါအတိုင်းလေကြောင်းလိုင်း၏ ခွင့်ပြုချက်များအရ ခွင့်ပြုပေးသွားမည်ဖြစ်သည် -

(က) လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်အိုင်းယွန်းဆဲလ် (သို့မဟုတ်) ဘတ္တရီပါဝင်သည့် လက်ဆွဲဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ (Automated External Defibrillators, Nebulizer, Continuous Positive Airway Pressure etc.) ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် ခရီးသည်များမှ သယ်ဆောင်ရာတွင် အောက်ပါအချက်များနှင့် ကိုက်ညီလျှင် သယ်ဆောင်နိုင်သည် -

၁။ လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်သတ္တုအရောဘတ္တရီများအတွက် လီသီယမ်ပါဝင်မှုသည် ၂ ဂရမ်ထက်ကျော်လွန်ပြီး ၈ ဂရမ်ထက်မပိုရ (သို့မဟုတ်)

၂။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt-hour နှုန်းထားအရ ၁၀၀ Wh ထက်ကျော်လွန်ပြီး ၁၆၀ Wh ထက်မပိုရ

၃။ ဘတ္တရီများသည် UN စမ်းသပ်ချက်နှင့် စံလက်ဆွဲစာအုပ် အပိုင်း ၃ အပိုဒ် ၃၈.၃ ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမျိုးအစားဖြစ်ရမည်။

(ခ) လီသီယမ်အိုင်းယွန်းဘတ္တရီပါဝင်သည့် ကင်မရာ၊ လက်တော့၊ လက်ဆွဲတီဗီကင်မရာစသည့် လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းများမှာ အောက်ပါအချက်များနှင့် ကိုက်ညီရမည် -

၁။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt-hour နှုန်းထားအရ ၁၀၀ Wh ထက်ကျော်လွန်ပြီး ၁၆၀ Wh ထက်မပိုရ

၂။ ဘတ္တရီများသည် UN စမ်းသပ်ချက်နှင့် စံလက်ဆွဲစာအုပ် အပိုင်း ၃ အပိုဒ် ၃၈.၃ ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမျိုးအစားဖြစ်ရမည်။

ရည်ညွှန်းချက် (၁၂) (ဘတ္တရီများပါဝင်သည့် လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ (ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများအပါအဝင်)

ဘတ္တရီစွမ်းအားသုံး အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများဆိုသည်မှာ ၎င်းပစ္စည်း (သို့မဟုတ်) ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်မှဒအတွက် လီသီယမ်ဆဲလ် (သို့မဟုတ်) ဘတ္တရီများမှ လျှပ်စစ်စွမ်းအားများ ထုတ်ပေးသည့် ပစ္စည်းကိရိယာများကို ဆိုလိုသည်။ အဆိုပါပစ္စည်းများတွင် Portalble oxygen concentrators ကဲ့သို့ ဆေးဘက်သုံးပစ္စည်းကိရိယာများနှင့် ကင်မရာ၊ မိုဘိုင်းဖုန်း၊ လက်တော့နှင့် တက်ပလက်ကဲ့သို့ အများသုံးအီလက်ထရွှန်နစ်ပစ္စည်းများ ပါဝင်သည်။ ဘတ္တရီပါဝင်သည့် အဆိုပါပစ္စည်းများကို ခရီးသည် (သို့မဟုတ်) လေယာဉ်အဖွဲ့သားများမှ ကိုယ်ပိုင်သုံးအတွက် သယ်ဆောင်သည့်အခါ လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများတွင်သာ ထည့်သွင်းသယ်ဆောင်ရမည်။ လူတစ်ဦးချင်းစီအနေဖြင့် အများဆုံး လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းကိရိယာ ၁၅ ခုနှင့် အများဆုံးအပိုဘတ္တရီ ၂၀ သာ ကန့်သတ်သယ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။

အပိုဘတ္တရီများကို မူလအရောင်းထုပ်ပိုးမှုအတွင်းထားရှိခြင်း (သို့မဟုတ်) လျှပ်စစ်အဖို၊ အမ အစွန်းများအား လျှပ်ကူးမှုမရှိစေရန် တားမြစ်ထားခြင်းမျိုး ဥပမာ - အစွန်းထွက်နေသော လျှပ်စစ်ခေါင်း (အဖို၊ အမစွန်းများ) အား တိတ်ဖြင့်ပတ်ထားခြင်း သို့မဟုတ် ဘတ္တရီတစ်ခုချင်းစီကို သီးခြားပလပ်စတစ်အိတ်များ (သို့မဟုတ်) အကာအကွယ်ပေးနိုင်သည့် သားရေအိတ်များတွင် ထည့်သွင်းထားခြင်း) ဖြင့် လျှပ်စစ်ပတ်လမ်းဖြတ်မှုမှ တားဆီးနိုင်ရန် လုပ်ထားရမည်ဖြစ်ပြီး လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများထဲတွင်သာ ထည့်သွင်းသယ်ဆောင်ရမည်။ ထို့ပြင် လီသီယမ်ဘတ္တရီများသည် အောက်ဖော်ပြပါအခြေအနေများနှင့် ကိုက်ညီရမည်ဖြစ်သည်။

(က) တပ်ဆင်ထားသည့် (သို့မဟုတ်) အပိုဘတ္တရီများသည် အောက်ပါသတ်မှတ်ချက်ထက် မကျော်လွန်စေရ

၁။ လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်သတ္တုရောဘတ္တရီများအတွက် လီသီယမ်ပါဝင်မှုသည် ၂ ဂရမ်ထက်မကျော်ရ

၂။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt-hour နှုန်းထားအရ ၁၀၀ Wh ထက် မကျော်ရ။

(ခ) ဘတ္တရီနှင့် ဆဲလ်များသည် UN စမ်းသပ်ချက်နှင့် စံလက်ဆွဲစာအုပ် အခန်း ၃၊ အပိုဒ်ခွဲ ၃၈.၃ ၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အမျိုးအစားဖြစ်ရမည်။

(ဂ) လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်အိုင်းယွန်းဆဲလ် (သို့မဟုတ်) ဘတ္တရီများပါဝင်သည့် ပစ္စည်းကိရိယာများ၏ အခြေခံရည်ရွယ်ချက်သည် အခြားပစ္စည်းကိရိယာများကို စွမ်းအားပေးရန် (ဥပမာ - Power bank) ဖြစ်ပြီး ၎င်းတို့ကို လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများအတွင်းသာ ထည့်သွင်းသယ်ဆောင်ခွင့်ပြုသည်။ အဆိုပါ ပစ္စည်းကိရိယာတစ်ခုချင်းစီကို မူလအရောင်းထုပ်ပိုးမှုအတွင်းထားရှိခြင်း (သို့မဟုတ်) လျှပ်စစ်အဖို၊ အမ အစွန်းများအား လျှပ်ကူးမှုမရှိစေရန် တားမြစ်ထားခြင်းမျိုး ဥပမာ - အစွန်းထွက်နေသော လျှပ်စစ်ခေါင်း (အဖို၊ အမစွန်းများ) အား တိတ်ဖြင့်ပတ်ထားခြင်း သို့မဟုတ် ဘတ္တရီတစ်ခုချင်းစီကို သီးခြားပလပ်စတစ်အိတ်များ (သို့မဟုတ်) အကာအကွယ်ပေးနိုင်သည့် သားရေအိတ်များတွင် ထည့်သွင်းထားခြင်း) ဖြင့် လျှပ်စစ်ပတ်လမ်းဖြတ်မှုမှ တားဆီးနိုင်ရန် လုပ်ထားရမည်ဖြစ်သည်။

(ဃ) လီသီယမ်သတ္တုပါဝင်မှု သုည ဒသမ ၃ ဂရမ်ထက်ကျော်လွန်သော (သို့မဟုတ်) Watt-hour နှုန်းထား ၂.၇ Wh ထက်ပိုလွန်သော လီသီယမ်ဘတ္တရီတပ်ဆင်ထားသည့် ခရီးဆောင်အိတ်သည် -

၁။ ခရီးဆောင်အိတ်ကို စာရင်းသွင်းအပ်နှံမည်ဆိုပါက လီသီယမ်ဘတ္တရီကို ခရီးဆောင်အိတ်မှဖြုတ် (ဖယ်ရှား) ပြီး လီသီယမ်ဘတ္တရီကို ခရီးသည်တင်အခန်းတွင်သာ ယူဆောင်သယ်ယူရမည် (သို့မဟုတ်)

၂။ ခရီးဆောင်အိတ်ကို ခရီးသည်အခန်းတွင် သယ်ဆောင်ရမည်။

၃။ ခရီးဆောင်အိတ်မှ ဘတ္တရီသည် အထက်အပိုဒ် (ဃ) တွင် သတ်မှတ်ချက်ကျော်လွန်ပြီး ခရီးဆောင်အိတ်မှ ဖယ်ရှားခြင်းမပြုနိုင်ပါက ၎င်းခရီးဆောင်အိတ်ကို သယ်ယူခြင်းမပြုရန် တားမြစ်သည်။

(င) လက်ဆွဲအီလက်ထရွှန်နစ် ပစ္စည်းကိရိယာများမှ ပြန်လည်ထုတ်လွှတ်သည့် လုပ်ငန်းဆောင်ရွက်ချက်အားလုံးကို လေကြောင်းခရီးစဉ်အတွင်း အချိန်ပြည့် ပိတ်ထားရမည်။

(စ) ဘတ္တရီ သို့မဟုတ် ဆဲလ်မပါသည့် လက်ဆွဲအီလက်ထရွှန်နစ် ပစ္စည်းကိရိယာများကို အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများအတွင်း ထည့်သွင်းသယ်ဆောင်ခွင့်ပြုသည်။(ဆ) ခရီးသည်များသည် ၎င်းတို့ကိုယ်ပိုင်သုံး ကြိုတင်ခွင့်ပြုချက်ရယူထားသည့် လက်ဆွဲအောက်ဆီဂျင် Concentrators မျ

ားကို သယ်ယူနိုင်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းသည် ကြိုတင်အတည်ပြုချက်ရယူထားသည့် လက်ဆွဲအောက်ဆီဂျင် Concentrators များကို လက်ခံပြီး လေယာဉ်ပေါ်တွင် အသုံးပြုခွင့် ပြုမည်ဖြစ်သည်။ အဆိုပါ လက်ဆွဲအောက်ဆီဂျင် Concentrators များကို မြေပြင်လုပ်ငန်းဌာနမှ ကြိုတင်ခွင့်ပြုပေးမည်ဖြစ်ပြီး မြေပြင်လုပ်ငန်းဌာန၏ အတည်ပြုချက်ရရှိရန် အောက်ဖော်ပြပါ e-mail သို့ ဆက်သွယ်ပါ။ This email address is being protected from spambots. You need JavaScript enabled to view it.

MAI မှ လက်ခံပြီး လေယာဉ်ပေါ်တွင် အသုံးပြုရန်ခွင့်ပြုပေးသည့် လက်ဆွဲအောက်ဆီဂျင် Concentrators အမျိုးအစားမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • AirSep FreeSyle
  • AirSep LifeSyle
  • AirSep Focus
  • AirSep Freestyle 5
  • (Caire) SeQual eQuinox/Oxywell (model 4000)
  • Delphi RS-00400/Oxus RS-00400
  • DeVibiss Healthcare iGo
  • Inogen One
  • Inogen One G2
  • Inogen One G3
  • Inova Labs Lifechoice Activox
  • International Biophysics LifeChoice/Inova Labs LifeChoice
  • Invacare Solo 2
  • Invacare XP02
  • Oxylife Independence Oxygen Concentrator
  • Precision Medical Easy Pulse
  • Respironics EverGo
  • Respironics SimplyGo
  • Sequal Eclipse
  • SeQual SAROS
  • VBox Trooper

အခြားလက်ဆွဲအောက်ဆီဂျင် Concentrators များကို လေယာဉ်ပေါ်တွင် အသုံးပြုခွင့်မပြုပေ။ အဆိုပါပစ္စည်းများကို အောက်ဖော်ပြပါ အခြေအနေများအရ လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းအဖြစ်သာ ခွင့်ပြုမည်ဖြစ်ပါသည် -

  • အဆိုပါကိရိယာသည် အလွတ်ဖြစ်ရမည်ဖြစ်ပြီး ဖိအားကင်းစင်ရမည်။
  • အဆိုပါကိရိယာမှ ဘတ္တရီကိုဖယ်ရှားထားပြီး သီးခြားထုပ်ပိုးထားရမည် (သို့မဟုတ်)
  • အဆိုပါကိရိယာတွင် ဘတ္တရီလျှပ်စစ်ပတ်လမ်း အဖို၊ အမစွန်းများသည် ချိုင့်ဝင်နေရမည်ဖြစ်ပြီး ထုပ်ပိုးထားသည့် အဖို၊ အမ စွန်းများသည် မည်သည့်သတ္တုပစ္စည်းများနှင့်မျှ ထိတွေ့နေခြင်း မရှိရပေ။
  • ခရီးသည်များသည် လေယာဉ်စီးနင်းရန် ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်/ အသိအမှတ်ပြု ဆရာဝန်၏ထောက်ခံစာ လက်ဝယ်ရှိနေရမည်ဖြစ်ပြီး အဆိုပါထောက်ခံချက်/ ထောက်ခံစာတွင် အောက်ပါအချက်များ ပါဝင်နေရမည်ဖြစ်သည် -
  • ခွင့်ပြုသည့် လက်ဆွဲအောက်ဆီဂျင်၏ အမျိုးအစားနှင့် ကုန်အမှတ်တံဆိပ်
  • လေယာဉ်ပျံသန်းစဉ် အောက်ဆီဂျင်အသုံးပြု ဆေးကုသမှုအရ လိုအပ်ကြောင်းနှင့် အသုံးပြုမှု၏ အမြင်၊ အကြားစွမ်းဆောင်နိုင်မှုနှင့် POC unit မှ သတိပေးခေါင်းလောင်းသံအပေါ် တုံ့ပြန်နိုင်မှု
  • ပုံမှန်လေယာဉ်ပျံသန်းမှု အခြေအနေအတွင်း လေယာဉ်ခန်းတွင်းရှိ ဖိအားနှင့် လိုက်လျောညီထွေမှုရှိသည့် အများဆုံးအောက်ဆီဂျင်စီးဆင်းနှုန်းကို သတ်မှတ်ဖော်ပြပါ။
  • အောက်ဆီဂျင်အသုံးပြုမှုသည် ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်အရ လေကြောင်းခရီးစဉ်တစ်ချိန်လုံး (သို့မဟုတ်) အချိန်အပိုင်းအခြားတစ်ရပ် လိုအပ်မည်ကို ဖော်ပြပေးပါ။
  • လက်ဆွဲအောက်ဆီဂျင်ကိရိယာ အသုံးပြုရန် မျှော်မှန်းထားသည့် စုစုပေါင်းအချိန်ကာလကို နာရီ၊ မိနစ်ဖြင့် ဖော်ပြပါ။
  • ထောက်ခံချက်ပေးသည့်ဆရာဝန်၏ထောက်ခံစာကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း လေယာဉ်နေရာစာရင်းပေးသွင်းမှု ကိုယ်စားလှယ်မှ လေဆိပ်တွင် သုံးသပ်မည်ဖြစ်ကာ ခရီးသည်မှ ထိန်းသိမ်းထားရှိပြီး ခရီးသွားလာနေစဉ်အတွင်း အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှ
  • တာဝန်ရှိဝန်ထမ်း၏ အချိန်မရွေး မေတ္တာရပ်ခံချက်ပေါ်မူတည်၍ ထုတ်ပြသွားရန်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းသည် ထိုကဲ့သို့သော ပစ္စည်းကိရိယာများအတွက် လေယာဉ်ပျံသန်းနေစဉ် စွမ်းအားအထောက်အပံ့ (Poer supply) ပေးနိုင်လိမ့်မည်မဟုတ်ပါ။ ခရီးသည်များအနေဖြင့် အဆိုပါပစ္စည်းကိရိယာများအတွက် အနည်းဆုံးလေယာဉ်ပျံသန်းချိန်၏ ၁၅၀ ရာခိုင်နှုန်းကာလအတွက် လုံလောက်သည့်စွမ်းအားများ ဖြည့်တင်းပေးနိုင်ရန် ဘတ္တရီများ (Watt-hour နှုန်းထား ၁၀၀ Wh ထက်မကျော်သော လီသီယမ်အိုင်းယွန်းဘတ္တရီအပို ၂၀ (သို့မဟုတ်) Watt-hour နှုန်းထား ၁၀၀ Wh ထက်ကျော်လွန်ပြီး ၁၆၀ Wh ထက်မပိုသော လီသီယမ်အိုင်းယွန်းဘတ္တရီအပို ၂ ခု) ကို ယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။

ရည်ညွှန်းချက် (၁၃) (လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းများတွင် ပါရှိသည့် လောင်စာဆဲလ်များ)

ခရီးဆောင်အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ (ဥပမာ - ကင်မရာများ၊ ဆဲလ်လူလာဖုန်းများ၊ လက်တော့နှင့် လက်ဆွဲတီဗီကင်မရာများ) ကို လောင်စာဆဲလ်စနစ်ဖြင့် စွမ်းအားပေးရန်အသုံးပြုသည့် လောင်စာဆဲလ်များနှင့် လောင်စာဆဲလ်ဘူးများသည် အောက်ဖော်ပြပါ အခြေအနေများပေါ်တွင် မူတည်သည် -

(က) လောင်စာဆဲလ်နှင့် လောင်စာဆဲလ်ဘူးတွင် မီးလောင်လွယ်သောအရည်များ၊ ဓာတုဓာတ်ပြုလွယ်သောအရာဝတ္တုများ၊ မီးလောင်လွယ်သော ဓာတ်ငွေ့ရည်များ၊ ရေတုန့်ပြန်အရာဝတ္ထုများ (သို့မဟုတ်) သတ္တုဟိုက်ဒရိုက်များမှ ဟိုက်ဒရိုဂျင်သာ ပါဝင်ရမည်။

(ခ) လေယာဉ်ပေါ်တွင် အပိုလောင်စာဆဲလ်ဘူး တပ်ဆင်ခြင်းမှတပါး လောင်စာဆဲလ်များကို လောင်စာပြန်လည်ဖြည့်တင်းခြင်းကို ခွင့်မပြု။

(ဂ) မည်သည့် လောင်စာဆဲလ်ဘူးများတွင်မဆို အများဆုံးရှိရမည့် လောင်စာအရည်မှာ အောက်ပါသတ်မှတ်ချက်ထက်မပိုရ -
၁။ အရည်များအတွက် ၂၀၀ မီလီလီတာ
၂။ အခဲများအတွက် ၂၀၀ ဂရမ်
၃။ ဓာတ်ငွေ့ရည်များအတွက် သတ္တုမဟုတ်သောလောင်စာဆဲလ် (သို့မဟုတ်) သတ္တုလောင်စာဆဲလ် (သို့မဟုတ်) လောင်စာဆဲလ်ဘူးများအတွက် ၂၀၀ မီလီမီတာ (သို့မဟုတ်) ၎င်းထက်လျော့နည်းရမည်။
၄။ သတ္တုဟိုက်ဒရိုဂျင်မှ ဟိုက်ဒရိုဂျင်အတွက် လောင်စာဆဲလ်ဘူးသည် ရေဝင်ဆန့်နိုင်မှုပမာဏ ၁၂၀ မီလီလီတာ (သို့မဟုတ်) ၎င်းထက်လျော့နည်းရမည်။

(ဃ) လောင်စာဆဲလ်စနစ်နှင့် လောင်စာဆဲလ်ဘူးတိုင်းသည် IEC PAS 62282-61 Ed-1 (ပြင်ဆင်ဖြည့်စွက်ချက် ၁ အပါအဝင်) နှင့် ကိုက်ညီရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်း ကုန်ပစ္စည်းထုတ်လုပ်သူ၏ ထောက်ခံချက်တစ်စောင်နှင့် အမှတ်အသားပြုထားရမည်။ ထို့ပြင်လောင်စာဆဲလ်ဘူး တစ်ခုချင်းစီကို အများဆုံးပါဝင်သည့် အရေအတွက်နှင့် ဘူးအတွင်းရှိ လောင်စာအမျိုးအစားတို့ကို ဖော်ပြပေးထားရမည်ဖြစ်သည်။

(င) နှစ်ခုထက်မပိုသော အပိုလောင်စာဆဲလ်ဘူးများကို အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများ (သို့မဟုတ်) လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများထဲတွင်လည်းကောင်း (သို့မဟုတ်) လူပေါ်တွင်လည်းကောင်း သယ်ယူနိုင်သည်။

(စ) လောင်စာပါဝင်သော လောင်စာဆဲလ်စနစ်များနှင့် လောင်စာဆဲလ်ဘူး (အပိုဘူးအပါအဝင်) ကို လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများအတွင်းသာ ထည့်သွင်းသယ်ဆောင်ခွင့်ပြုသည်။

(ဆ) ပစ္စည်းကိရိယာတစ်ခုအတွင်း ပေါင်းစည်းထားသော ဘတ္တရီများအပေါ်သို့ ကျရောက်သည့်လောင်စာဆဲလ်များအကြား အပြန်အလှန်အကျိုးပြုမှုသည် IEC.62282-6-100 Ed.1 (ပြင်ဆင်ဖြည့်စွက်ချက်အပါအဝင်) နှင့် ကိုက်ညီရမည်ဖြစ်သည်။ လောင်စာဆဲလ်၏ အဓိကလုပ်ငန်းဆောင်ရွက်ချက်သည် ပစ္စည်းကိရိယာတစ်ခုအတွင်းရှိ ဘတ္တရီတစ်ခုကို ပြန်လည်အားသွင်းပေးရန် ဖြစ်ပါက ၎င်းတို့ကို ခွင့်မပြုပေ။

(ဇ) လောင်စာဆဲလ်စနစ်သည် လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းကိရိယာကို အသုံးမပြုသည့်အခါ ဘတ္တရီများအား ပြန်လည်ဖြည့်သွင်းပေးခြင်းမပြုသည့် အမျိုးအစားတစ်ခုဖြစ်ရမည်ဖြစ်ပြီး ကုန်ပစ္စည်းထုတ်လုပ်သူမှ “လေယာဉ်ခရီးသည်အခန်းထဲတွင်သာ သယ်ယူရန်ခွင့်ပြုသည်” ဟု မှတ်သားထားရမည်။

(၁) ထို့ပြင် အထက်တွင်ဖော်ပြခဲ့သည့် အမှတ်အသားများအတွက် မူလထုတ်လုပ်ရာနိုင်ငံမှ လိုအပ်သည့်ဘာသာစကားများအပြင် အင်္ဂလိပ်ဘာသာစကားကိုလည်း အသုံးပြုသင့်သည်။

ရည်ညွှန်းချက် (၁၄) (မယိုဖိတ်နိုင်သော သတ္တရီများပါဝင်သည့် လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းကိရိယာများ)

အပ်နှံခရီးဆောင်အိတ် (သို့မဟုတ်) လက်ဆွဲခရီးဆောင်အိတ်များတွင် ထည့်သွင်းသယ်ယူမည့် မယိုဖိတ်နိုင်သော ဘတ္တရီပါဝင်သည့် လက်ဆွဲအီလက်ထရွှန်နစ်ပစ္စည်းကိရိယာများသည် အထူးသတ်မှတ်ပြဌာန်းချက် A 67 ၏ လိုအပ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။ အထူးပြဌာန်းချက် A 67 နှင့်ကိုက်ညီသော အများဆုံးမယိုဖိတ်နိုင်သော အပိုဘတ္တရီ နှစ်လုံးကိုလည်း သယ်ယူနိုင်သည်။ အောက်ဖော်ပြပါလိုအပ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည် -

၁။ ဘတ္တရီတိုင်း၏ ဗို့အားသည် ၁၂ ဗို့ ထက်မပိုရမည့်အပြင် Watt-hour နှုန်းထားအရ ၁၀၀ Wh ထက် မကျော်လွန်ရပေ။

၂။ ပစ္စည်းကိရိယာသည် မတော်တဆလျှပ်ကူးမှုမှ ကာကွယ်ထားခြင်း (သို့မဟုတ်) ဘတ္တရီများကို အဆက်အသွယ်ဖြတ်ထားခြင်းနှင့် ဘတ္တရီအဖို၊ အမစွန်းများကို လျှပ်မကူးအောင် တားမြစ်ထားခြင်း

၃။ ဘတ္တရီအဖို၊ အမစွန်းများကို လျှပ်မကူးအောင် တားမြစ်ထားခြင်းဖြင့် အပိုဘတ္တရီတစ်ခုချင်းစီသည် လျှပ်စစ်ပတ်လမ်းဖြတ်ခြင်းမှ ကာကွယ်ထားရမည်ဖြစ်သည်။

ရည်ညွှန်းချက် (၁၅) (မီးလောင်လွယ်သောအရည်အနည်းငယ်ဖြင့် ထုပ်ပိုးထားသော ရောဂါကူးစက်ခြင်းမရှိသည့် နမူနာပစ္စည်းများ

အပ်နှံခရီးဆောင်ပစ္စည်း (သို့မဟုတ်) လက်ဆွဲခရီးဆောင်အိတ်အတွင်း ရောဂါကူးစက်နိုင်ခြင်းမရှိသော နမူနာပစ္စည်းများ (ဥပမာ - နို့တိုက်သတ္တဝါများ၊ ငှက်များ၊ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ငါးများ၊ အင်းဆက်များနှင့် အခြားကျောရိုးမဲ့သတ္တဝါများ) ကို မီးလောင်နိုင်သော အရည်အနည်းငယ်မျှသော အရေအတွက်ဖြင့် သယ်ယူရန် အောက်ဖော်ပြပါ လိုအပ်ချက်များကို သတ်မှတ်ပြဌာန်းထားသည် -

(က) နမူနာပစ္စည်းများသည် -
၁။ စက္ကူပုဝါများဖြင့် ရစ်ပတ်ထားလျက်နှင့် (သို့မဟုတ်) ပိတ်စိမ်းပါးကဲ့သို့ ခပ်ကျဲကျဲပတ်ထားသောအစကို အရက် (သို့မဟုတ်) အရက်ပျော်ရည်ဖြင့် ဆွတ်ဖြန်းကာ ရစ်ပတ်ထားလျက် အပူလုံပလပ်စတစ်အိတ်တစ်ခုအတွင်း ထည့်ထားရမည်။ အိတ်အတွင်းမှ မည်သည့်လွတ်လပ်သည့် အရည်မဆို ၃၀ မီလီလီတာထက်မပိုရ (သို့မဟုတ်)
၂။ ဖန်ဘူးငယ် (သို့မဟုတ်) အခြားလုံခြုံသည့်ဘူး/ ပုလင်းအတွင်း ၃၀ မီလီလီတာထက် မပိုသောအရက် (သို့မဟုတ်) အရက်ပျော်ရည်ဖြင့် ထည့်ထားရမည်။

(ခ) ထို့နောက်ပြင်ဆင်ထားသည့် နမူနာပစ္စည်းများကို အပူလုံပလပ်စတစ်အိတ်အတွင်း ထားရှိရမည်။

(ဂ) ထို့နောက်အိတ်အတွင်းထည့်ကာ ထုပ်ပိုးထားသော နမူနာပစ္စည်းများကို အခြားပလပ်စတစ်အိတ်တစ်ခုအတွင်းသို့ စုတ်ယူနိုင်သောသတ္တိရှိ အခြားအရာဝတ္တုများနှင့်အတူ ထည့်ပြီး အပူလုံအောင်ပိတ်ပါ။

(ဃ) ပြင်ပထုပ်ပိုးမှုအတွင်း မီးလောင်နိုင်သောအရည်ပါဝင်မှုအရေအတွက်သည် ၁ လီတာထက် မပိုရ။

(စ) ပြီးဆုံးသွားသည့် အထုတ်အပိုးပေါ်တွင် “အထူးပြဌာန်းချက် A 180 အရ ကန့်သတ်မထားသော သိပ္ပံဆိုင်ရာသုတေသန နမူနာပစ္စည်းများ” ဟု မှတ်သားဖော်ပြထားပါ။

ရည်ညွှန်းချက် (၁၆) (အတွင်းပေါက်ကွဲလောင်ကျွမ်းမှု (သို့မဟုတ်) လောင်စာဆဲလ်အင်ဂျင်များ)

အတွင်းပေါက်ကွဲလောင်ကျွမ်းမှု (သို့မဟုတ်) လောင်စာဆဲလ်အင်ဂျင်များကို သီးခြားစီ (သို့မဟုတ်) စက်တစ်ခုအတွင်း (သို့မဟုတ်) အကြားပစ္စည်းကိရိယာတစ်ခုခုအတွင်း ထည့်သွင်းပေါင်းစပ်လျက် အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများတွင်သာ သယ်ဆောင်ရမည်။ အင်ဂျင်များသည် အောက်ပါလိုအပ်ချက်များနှင့် ကိုက်ညီရမည် -

(က) မီးလောင်လွယ်သော အရည်စွမ်းအားသုံး အင်ဂျင်များအတွက် -

၁။ အင်ဂျင်ကိုစွမ်းအားပေးသည့် လောင်စာသည် မည်သည့်အဆင့်အတန်း (သို့မဟုတ်) မည်သည့်အပိုင်းအခြားအတွက်မျှ သတ်မှတ်ချက်စံနှုန်းနှင့် ကိုက်ညီမှုမရှိသည့်လောင်စာ (သို့မဟုတ်)
၂။ ယာဉ်၊ စက် (သို့မဟုတ်) အခြားကိရိယာများ၏ လောင်စာကန်သည် မည်သည့်လောင်စာမျှ မည်သည့်အခါမျှ ထည့်သွင်းဘူးခြင်းမရှိသော (သို့မဟုတ်) လောင်စာကန်သည် ဖောက်ထုတ်ထားကာ အခိုးအငွေ့များသန့်စင်ထားပြီး ဘေးအန္တရာယ်ဖြစ်စေမည့် လုံလောက်သည့် ဆောင်ရွက်ချက်များ ပြုလုပ်ထားပြီး နှင့်

၃။ အင်ဂျင်၏လောင်စာစနစ်တစ်ခုလုံးသည် အရည်များကင်းစင်ပြီး လောင်စာရည်ပိုက်လိုင်းများအားလုံးကို အလုံပိတ် (သို့မဟုတ်) ထိပ်ဖုံးအုပ်စွပ် (သို့မဟုတ်) အင်ဂျင်နှင့် ယာဉ်၊ စက်များ (သို့မဟုတ်) ကိရိယာများသို့ မြဲမြံစွာ ဆက်သွယ်ထားရမည်။

(ခ) မီးလောင်လွယ်သော ဓာတ်ငွေ့စွမ်းအားသုံး အတွင်းပေါက်ကွဲလောင်ကျွမ်းမှု (သို့မဟုတ်) လောင်စာဆဲလ်အင်ဂျင်များအတွက် -
၁။ လောင်စာစနစ်တစ်ခုလုံးကို ဖောက်ထုတ်၊ သန့်စင်ပြီး မီးလောင်မလွယ်သောဓာတ်ငွေ့ သို့မဟုတ် အရည်ဖြည့်ကာ ဘေးအန္တရာယ် ပျက်ပြယ်စေရန် ဆောင်ရွက်ရမည်။
၂။ စနစ်ကိုဖြည့်သွင်းရာတွင် အသုံးပြုသည့် မီးလောင်မလွယ်သော ဓာတ်ငွေ့၏ နောက်ဆုံးဖိအားမှာ ၂၀ ဒီဂရီစင်တီဂရိတ်တွင် 200 Kpa ထက် မကျော်လွန်ရ။
၃။ ပစ္စည်းတင်ပို့ပေးသူသည် လေကြောင်းလိုင်းနှင့် ကြိုတင်စီစဉ်ညှိနှိုင်းမှုများ ဆောင်ရွက်ရမည် နှင့်

၄။ ပစ္စည်းတင်ပို့သူအနေဖြင့် ဖောက်ထုတ်မှု၊ သန့်စင်မှု၊ ဖြည့်သွင်းမှု လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ထားကြောင်းနှင့် နောက်ဆုံးအင်ဂျင်အတွင်း ပါဝင်မှုသည် မီးလောင်ကျွမ်းမှုမရှိနိုင်သည်ကို စမ်းသပ်စစ်ဆေး ခွဲခြမ်းစိစစ်ပြီးကြောင်း ရေးသားထားသော (သို့မဟုတ်) အီလက်ထရွန်နစ်ဖြင့် အထောက်အထားကို လေကြောင်းလိုင်းသို့ ပေးပို့ရမည်။

ရည်ညွှန်းချက် (၁၇) (စိမ့်ဝင်ပျံ့နှံ့မှုစစ်ဆေးကိရိယာ)

စံချိန်မီလေထုအရည်အသွေးကို စောင့်ကြပ်ကြည့်ရှုရေး ပစ္စည်းအတွက် စိမ့်ဝင်ပျံ့နှံမှုတိုင်းတာကိရိယာများကို အပ်နှံခရီးဆောင်အိတ်/ ပစ္စည်းများတွင်သာ သယ်ယူခွင့်ပြုသည်။ အဆိုပါကိရိယာများသည် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်သည် -

(က) ပစ္စည်းကိရိယာတိုင်းသည် ၎င်းတွင်ပါဝင်သည့် အန္တရာယ်ရှိပစ္စည်းများနှင့် လိုက်ဖက်ညီသောပစ္စည်းများဖြင့်သာ ပြုလုပ်ထားရမည်။

(ခ) ပစ္စည်းကိရိယာတစ်ခုချင်းစီတွင် ပါဝင်သည့် အန္တရာယ်ရှိကုန်ပစ္စည်းများ၏ စုစုပေါင်းအရေအတွက်သည် ၂ မီလီလီတာအထိသာ ကန့်သတ်ထားပြီး ပစ္စည်းကိရိယာသည် ၅၅ ဒီဂရီစင်တီဂရိတ်တွင် အရည်အပြည့်မရှိစေရ။

(ဂ) စိမ့်ဝင်ပျံ့နှံ့မှု တိုင်းတာခရီးစဉ်တစ်ခုချင်းစီကို အလုံပိတ်၊ ထိခိုက်မှုခံနိုင်ရည်မြင့်မားသည့် ပြွန်အတွင်းထားရှိကာ ပလပ်စတစ် (သို့မဟုတ်) အလားတူပစ္စည်းများဖြင့် အတွင်းထုပ်ပိုးမှု ပြုလုပ်ထားရန်။ ကိရိယာ၏ပါဝင်ပစ္စည်းများကို လုံးဝစုတ်ယူနိုင်စေရန် အတွင်းထုပ်ပိုးမှုတွင် စုတ်ယူနိုင်သည့်အရာဝတ္တုပစ္စည်းများ လုံလုံလောက်လောက် ပါဝင်စေရမည်။ အတွင်းထုပ်ပိုးမှုကိုပိတ်ရာတွင် ဝါယာကြိုး၊ တိပ် (သို့မဟုတ်) အလားတူစိတ်ချရသည့်ပစ္စည်းများဖြင့် လုံခြုံစိတ်ချရစေရန် ခိုင်ခိုင်မြဲမြဲ တုတ်နှောင်ထားရမည်။

(ဃ) အတွင်းထုပ်ပိုးမှုများကို သတ္တု (သို့မဟုတ်) အထူအနိမ့်ဆုံး ၁ ဒသမ ၅ မီလီမီတာရှိ ပလပ်စတစ်တို့ဖြင့် ပြုလုပ်ထားသော ထပ်ဆင့်ထုပ်ပိုးမှုအတွင်း ထည့်သွင်းထားရမည်။ ထပ်ဆင့်ထုပ်ပိုးမှုသည် လေလုံပိတ်ဖြစ်ရမည်။

(င) ထပ်ဆင့်ထုပ်ပိုးမှုကို ခိုင်ခန့်သည့် ပြင်ပထုပ်ပိုးမှုအတွင်း သေချာထုပ်ပိုးထားရမည်။ အပြီးသတ်ဆောင်ရွက်ပြီးသည့် အထုတ်အပိုးများသည် ကြံ့ကြံ့ခံနိုင်ရမည်၊ ကျိုးပဲ့မှုမရှိ (သို့မဟုတ်) မည်သည့်အတွင်းထုပ်ပိုးမှုမှ ပေါက်ပြဲယိုစိမ့်မှုမရှိခြင်းနှင့် သိသာသည့်အလျော့အတင်းမရှိခြင်းတို့ကို လက်တွေ့စမ်းသပ်နိုင်ရန် -

  • ၁။ အောက်ဖော်ပြပါ အလွတ်လွှတ်ချမှုများကို တင်းမာသော၊ ဒဏ်မခံနိုင်သည့်၊ ပြန့်ပြူးနေသော ပြင်ညီမျက်နှာပြင်ပေါ်သို့ ၁ ဒသမ ၈ မီတာအမြင့်မှ
  • အောက်ခြေအပြားအတိုင်း တစ်ကြိမ် (ပက်လက်)
  • အပေါ်ဖက်အပြားအတိုင်း တစ်ကြိမ် (မှောက်ခုံ)
  • ဘေးတိုက်အပြားအတိုင်း တစ်ကြိမ် (ဘေးတိုက်)
  • ထောင့်ချွန်းသုံးခုစုံရာထောင့်အတိုင်း တစ်ကြိမ် နှင့်

၂။ ထုတ်ပိုးမှုအပေါ်ဖက်မျက်နှာပြင်ပေါ်တွင် စမ်းသပ်နမူနာပစ္စည်းနှင့် အရွယ်အစား၊ အလေးချိန်ထပ်တူတူညီသော ထုတ်ပိုးမှုများကို (စမ်းသပ်နမူနာပစ္စည်းအပါအဝင်) ၃ မီတာအမြင့်အထိ တစ်ခုနှင့်တစ်ခုစီထပ်ထားလျှင်ရှိမည့် အလေးချိန်စုစုပေါင်းနှင့် ညီမျှသည့်ဖိအားကို ၂၄ နာရီကြာကာလအထိ သက်ရောက်စေမည်ဖြစ်သည်။

မှတ်ချက် - အထက်ဖော်ပြပါ စမ်းသပ်ချက်တိုင်းသည် မတူညီသည့်ထုတ်ပိုးမှုများပေါ်တွင် ဆောင်ရွက်မည်ဖြစ်သော်လည်း အထုပ်အပိုးတိုင်းသည် ထပ်တူညီသည့်အထုတ်အပိုးများဖြစ်သည်။

(စ) လုံးဝပြီးစီးသည့်အထုပ်၏ အကြမ်းဖျင်းအလေးချိန်သည် ၃၀ ကီလိုဂရမ်ထက်ကျော်လွန်ခြင်း မရှိရပေ။

ရည်ညွှန်းချက် (၁၈) (ဘတ္တရီပါဝင်သည့် အီလက်ထရွှန်းနစ်စီးကရက်များ)

ဘတ္တရီပါဝင်သည့် အီလက်ထရွှန်းနစ်စီးကရက်များ (e-cigarettes နှင့် အခြားအငွေ့မှုတ်ပစ္စည်းများအပါအဝင်) ကို ခရီးသည်များ (သို့မဟုတ်) လေယာဉ်အဖွဲ့သားများမှ ကိုယ်ပိုင်အသုံးပြုရန် သယ်ယူလာသည့် လက်ဆွဲခရီးဆောင်အိတ်၊ ပစ္စည်းအတွင်းတွင်သာ ထည့်သွင်းသယ်ယူရမည်။ အဆိုပါကိရိယာများနှင့် (သို့မဟုတ်) ဘတ္တရီများကို လေယာဉ်ပေါ်တွင် ပြန်လည်အားသွင်းခြင်းကို ခွင့်မပြုပေ။ ခရီးသည်နှင့် လေယာဉ်အဖွဲ့သားများသည် မတော်တဆလျှပ်ကူးမှုကို တားဆီးရန် လုပ်ငန်းများကို ပြင်ဆင်ထားရမည်။ အပိုဘတ္တရီတစ်ခုချင်းစီကို လျှပ်စစ်ပတ်လမ်းဖြတ်ခြင်းမှ တားဆီးရန် ကာကွယ်ထားကြရမည်ဖြစ်သည်။ အပိုဘတ္တရီများကို မူလအရောင်းထုပ်ပိုးမှုအတွင်း ထားရှိခြင်းဖြင့်လည်းကောင်း (သို့မဟုတ်) လျှပ်စစ်အဖို၊ အမစွန်းများကို လျှပ်ကူးမှုမရှိစေရန် တားထားခြင်းမျိုး ဥပမာ ပေါ်ထွက်နေသည့် အဖို၊ အမစွန်းများကို တိပ်ပတ်ထားခြင်း (သို့မဟုတ်) ဘတ္တရီတစ်ခုချင်းစီကို သီးခြားပလပ်စတစ်အိတ်များ (သို့မဟုတ်) အကာအကွယ်ပြုနိုင်သည့် သားရေအိတ်များအတွင်း ထည့်သွင်းထားခြင်းများ စသည်ဖြင့် ကာကွယ်မှုများဆောင်ရွက်ထားပြီး လက်ဆွဲခရီးဆောင်အိတ်၊ ပစ္စည်းများတွင်သာ သယ်ဆောင်ကြရမည်။ ထို့ပြင် လီသီယမ်ဘတ္တရီများသည် အောက်ပါအခြေအနေများပေါ်တွင် မူတည်ဆောင်ရွက်ရမည် -

(က) တပ်ဆင်ထားသော (သို့မဟုတ်) အပိုဘတ္တရီတစ်ခုချင်းစီသည် အောက်ပါသတ်မှတ်ချက်များကို မကျော်လွန်စေရ -

၁။ လီသီယမ်သတ္တု (သို့မဟုတ်) လီသီယမ်သတ္တုအရောဘတ္တရီများအတွက် လီသီယမ်ပါဝင်မှုသည် ၂ ဂရမ်ထက်မကျော်ရ သို့မဟုတ်

၂။ လီသီယမ်အိုင်းယွန်းဘတ္တရီအတွက် Watt-hour နှုန်းထားအရ ၁၀၀ Wh ထက်မပိုရ

(ခ) ဘတ္တရီနှင့်ဆဲလ်များ UN စမ်းသပ်ချက်နှင့် စံလက်ဆွဲစာအုပ် အပိုင်း ၃၊ အပိုဒ်ခွဲ ၃၈.၃ ပါ လိုအပ်ချက်များနှင့် ကိုက်ညီသည့်အမျိုးအစားဖြစ်ရမည်။

အော်ပရေတာ (လေကြောင်းလိုင်း) ခွင့်ပြုချက်အတွက်

အော်ပရေတာ (လေကြောင်းလိုင်း) ခွင့်ပြုချက်အတွက် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ပို့ကုန်ဌာန e-mail: This email address is being protected from spambots. You need JavaScript enabled to view it. နှင့် ဒေသခံ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း ရုံးများသို့ ဆက်သွယ်လိုက်ပါ။

အကျိုးတူပူးပေါင်းပျံသန်းပြေးဆွဲမှု

လေကြောင်းလိုင်းချင်းချိတ်ဆက်မှု၊ အကျိုးတူပူးပေါင်းပျံသန်းပြေးဆွဲမှု (သို့မဟုတ်) ခရီးဆောင်အိတ်ပစ္စည်းများ ဆက်လက်လွှဲပြောင်းမှု (ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများအပါအဝင်) ခရီးဆောင်အိတ်များဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များအရ ကြိုတင်ညှိနှိုင်းစီစဉ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ချိတ်ဆက်လေကြောင်းလိုင်း၊ အကျိုးတူပူးပေါင်းလေကြောင်းလိုင်း (သို့မဟုတ်) မိတ်ဖက်လေကြောင်းလိုင်းထံမှ အနည်းဆုံး ၂၄ နာရီ ကြိုတင်အတည်ပြုချက် ရရှိမည်ဖြစ်သည်။ 

လီသီယမ်ဘတ္တရီစွမ်းအားသုံး အီလက်ထရွှန်နစ်ပစ္စည်းကိရိယာများနှင့် အပိုလီသီယမ်ဘတ္တရီများအတွက် အသိပေးထုတ်ပြန်ချက်

လီသီယမ်ဘတ္တရီအမျိုးအစားများ

(၁) လီသီယမ်သတ္တုဘတ္တရီ - ပြန်လည်အားမဖြည့်နိုင်သောဘတ္တရီ (လီသီယမ်ပါဝင်မှုဂရမ်)

(၂) လီသီယမ်အိုင်းယွန်းဘတ္တရီ - ပြန်လည်အားဖြည့်နိုင်သောဘတ္တရီ (Watt-hour Wh)

Watt-hour နှုန်း (Wh) သို့မဟုတ် လီသီယမ်ပါဝင်မှုဂရမ် (g) အစိတ်အပိုင်းများပါဝင်မှု လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်း အပ်နှံခရီးဆောင်အိတ်/ ပစ္စည်း လေကြောင်းလိုင်းအတည်ပြုချက်
လီသီယမ်အိုင်းယွန်းဘတ္တရီ ၁၀၀ Wh
လီသီယမ်သတ္တုဘတ္တရီ ၂ ဂရမ်
ပစ္စည်းအတွင်း ခွင့်ပြု ခွင့်မပြု မလို
အပိုဆောင်း ခွင့်ပြု (အများဆုံး ၂၀) မပြု
လီသီယမ်အိုင်းယွန်းဘတ္တရီ ၁၀၀ Wh မှ ၁၆၀ Wh အထိ
လီသီယမ်သတ္တုဘတ္တရီ ၂ ဂရမ်မှ ၈ ဂရမ်အထိ
ပစ္စည်းအတွင်း ခွင့်ပြု မပြု မလို
အပိုဆောင်း ခွင့်ပြု (အများဆုံး ၂၀) မပြု

လီသီယမ်အိုင်းယွန်းဘတ္တရီ

ကုန်ပစ္စည်း (လေကြောင်းပို့ကုန်) အဖြစ် လက်ခံမည်မဟုတ်ပါ။ အကယ်၍ ပစ္စည်းကိရိယာအတွင်းပါဝင် (သို့မဟုတ်) ပစ္စည်းနှင့်အတူ ထုပ်ပိုးထားပါက တင်ပြရမည်ဖြစ်ပြီး IATA ၏ ဘေးအန္တရာယ်ရှိကုန်ပစ္စည်း သတ်မှတ်ပြဌာန်းချက်နှင့်အညီ လေကြောင်းပို့ကုန်အဖြစ် သယ်ဆောင်နိုင်သည်။
လီသီယမ်သတ္တုဘတ္တရီ ကုန်ပစ္စည်း (လေကြောင်းပို့ကုန်) အဖြစ် လက်ခံမည်မဟုတ်ပါ။ အကယ်၍ ပစ္စည်းကိရိယာအတွင်းပါဝင် (သို့မဟုတ်) ပစ္စည်းနှင့်အတူ ထုပ်ပိုးထားပါက တင်ပြရမည်ဖြစ်ပြီး IATA ၏ ဘေးအန္တရာယ်ရှိကုန်ပစ္စည်း သတ်မှတ်ပြဌာန်းချက်နှင့်အညီ လေကြောင်းပို့ကုန်အဖြစ် သယ်ဆောင်နိုင်သည်။

Watt-hour (Wh) မည်သို့တွက်ချက်မည်နည်း

  • အမ်ပီယာ Ampere - နာရီ hour (Ah) x ဗို့ Voltage (V) = Watt-hours (Wh)
  • ၁ အမ်ပီယာ 1 Ampere - နာရီ hour (Ah) = ၁၀၀၀ မီလီအမ်ပီယာ 1000 Milliamphere - နာရီ hour (mAh)

ပစ္စည်းကိရိယာများထဲတွင်ပါဝင်သော ဘတ္တရီ - လက်တော့ ကွန်ပြူတာများ၊ ကင်မရာများ၊ မိုဘိုင်းဖုန်းစသည့် ပစ္စည်းကိရိယာများထဲတွင် ပါဝင်နေသည့်ဘတ္တရီများ

အပိုဘတ္တရီ၊ Power bank - အပိုဘတ္တရီများနှင့် Power bank များကို အပ်နှံခရီးဆောင်အိတ်၊ ပစ္စည်းများအတွင်း ထားရှိခြင်းမပြုရပါ။ အပိုဘတ္တရီနှင့် Power bank တစ်ခုချင်းစီကို လျှပ်စစ်ပတ်လမ်းဖြတ်ခြင်းမှ ကာကွယ်ထားရမည်။ ဘတ္တရီတစ်ခုချင်းစီကို ၎င်းတို့ကို မူလအရောင်းထုပ်ပိုးမှုများအတွင်း ပိတ်ထားခြင်း (သို့မဟုတ်) လျှပ်စစ်အဖို၊ အမအစွန်းများကို တိပ်ပိတ်ထားခြင်း (သို့မဟုတ်) ကာကွယ်ပေးနိုင်သောအိတ်များအတွင်း ခွဲခြားထားခြင်းဖြင့် ကာကွယ်ထားရမည်ဖြစ်သည်။