ရေငုတ်ကိရိယာ တန်ဆာပလာများ

အထွေထွေသတ်မှတ်ချက်များ

(က) ရေငုတ်ကိရိယာတန်ဆာပလာအဖြစ် ရေငုတ်ဝတ်စုံ၊ ရေငုတ်အင်္ကျီနှင့် ရေကာမျက်မှန်တို့ကို လက်ခံသည်။

(ခ) အောက်ဆီဂျင်ဘူး (အလွတ်) တစ်လုံးကို သယ်ခွင့်ပြုသည်။

အရေအတွက်နည်းလမ်းဖြင့် သတ်မှတ်ချက်

အထက်ပါ အထွေထွေသတ်မှတ်ချက်များတွင် လက်ခံထားသည့်အတိုင်း ရေငုတ်ကိရိယာတန်ဆာပလာကို သာမန်ခရီးဆောင်အိတ်၊ ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသည့်အလျောက် ထုထည်ပမာဏနှင့် အလေးချိန်တို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုပေ။

အလေးချိန်နည်းလမ်းဖြင့် သတ်မှတ်ချက်များ

အထက်ပါပစ္စည်းများကို အခမဲ့သယ်ယူခွင့်ပြုချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်ခံဆောင်ရွက်မည်ဖြစ်သည်။

အခမဲ့ခွင့်ပြုချက်ထက် ပိုလွန်ပါက သာမန်ဝန်ပိုကြေး စည်းကြပ်နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်သည်။

ဂေါက်အိတ်

အထွေထွေသတ်မှတ်ချက်များ

ဂေါက်အိတ်တစ်လုံးတွင် ဂေါက်ရိုက်တုတ် (၁၄ ချောင်း) တစ်စုံနှင့် အများဆုံး ဂေါက်သီး ၁၂ လုံးနှင့် ဂေါက်ရိုက်ဖိနပ်တစ်စုံ ပါဝင်သည်ဟု သတ်မှတ်ပါသည်။

အရေအတွက်နည်းလမ်းဖြင့် သတ်မှတ်ချက်

MAI သည် ဂေါက်အိတ်တစ်လုံးထက်မပိုသော ဂေါက်ရိုက်ပစ္စည်းကိရိယာများအတွက် အထူးဝန်ပိုကြေးကောက်ခံမှုနှုန်းထားကို သတ်မှတ်ပြဌာန်းမည်ဖြစ်သည်။ (ဂေါက်အိတ်တစ်လုံးတွင် ဂေါက်ရိုက်ဖိနပ်တစ်စုံ၊ ဂေါက်ရိုက်တုတ် ၁၄ ချောင်း၊ ဂေါက်သီး ၁၂ လုံးနှင့် ဂေါက်သီးတင် တီများပါဝင်သည်။) ခွင့်ပြုချက်ထက်ပိုလွန်သော ဝန်ပိုကြေးအဖြစ် သာမန်ဝန်ပိုကြေး၏ ၅၀ ရာခိုင်နှုန်းကို ကောက်ခံမည်ဖြစ်သည်။ အထက်ပါ သတ်မှတ်ချက်ထက်ပိုလွန်သည့် မည်သည့်ဂေါက်အိတ်အတွက်မဆို ပုံမှန်ဝန်ပိုကြေးနှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်သည်။ 

အလေးချိန်နည်းလမ်းဖြင့် သတ်မှတ်ချက်

ဂေါက်အိတ်တစ်လုံးသည် ခရီးသည်၏ အခမဲ့ခရီးဆောင်အိတ်/ ပစ္စည်းသယ်ယူခွင့်ပြုချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သတ်မှတ်မည်ဖြစ်သည်။ သို့ရာတွင် ခွင့်ပြုချက်ထက်ပိုလွန်ပါက အထူးနှုန်းထားဖြင့် ကောက်ခံမည်ဖြစ်သည်။ ပထမ ၁၅ ကီလိုဂရမ်အတွက် ၆ ကီလိုဂရမ်ကိုသာ ကောက်ခံမည်ဖြစ်သည် (အောက်မှဇယားတွင်ကြည့်ပါ) ။ အဆိုပါနှုန်းထားမှ ခရီးသည်တစ်ဦးလျှင် ဂေါက်အိတ်တစ်လုံးအတွက်သာ သက်ဆိုင်မည်ဖြစ်သည်။

ဂေါက်အိတ်အလေးချိန်
ပထမ ၁၅ ကီလိုဂရမ်
ကောက်ခံရန်
၆ ကီလိုဂရမ်
၁၆ ကီလိုဂရမ် ၆ ကီလိုဂရမ် + ၁ ကီလိုဂရမ်
၁၇ ကီလိုဂရမ် ၆ ကီလိုဂရမ် + ၂ ကီလိုဂရမ်
၁၈ ကီလိုဂရမ် ၆ ကီလိုဂရမ် + ၃ ကီလိုဂရမ်
အစရှိသည်ဖြင့် အစရှိသည်ဖြင့်

ခရီးသည်တစ်ဦးတည်းက ဂေါက်အိတ်တစ်လုံးထက်ပိုမို သယ်ဆောင်လာပြီး အခမဲ့ခွင့်ပြုချက်ကိုလည်း ကျော်လွန်နေပါက ဝန်ပိုကြေးကို ကီလိုဂရမ်ဖြင့် တွက်ချက်ကောက်ခံမည်ဖြစ်သည်။ 

ရေလွှာလျောစီးဘုတ်ပြား

သယ်ယူခွင့်မပြု။

အားကစားအတွက် အားကစားလက်နင်နှင့် ကျည်များ

အားကစားအလို့ငှာ အားကစားလက်နင်နှင့် ကျည်များ သယ်ယူခြင်းကို နိုင်ငံတော်/ ဒေသလုံခြုံရေး အာဏာပိုင်များ၏ ခွင့်ပြုချက်အပေါ် မူတည်ဆောင်ရွက်မည်ဖြစ်ပြီး အိတ်/ သေတ္တာအတွင်း ထည့်သွင်းသယ်ဆောင်ခြင်းကိုသာ MAI မှ ခွင့်ပြုပေးမည်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးအရာရှိများ၊ လုံခြုံရေးဌာနနှင့် ပုဂ္ဂိုလ်များ ပါဝင်ပတ်သက်မှု ရှိသည့်အခါတွင်သာ ဤသတ်မှတ်ပြဌာန်းချက်ကို ချွင်းချက်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။

လက်ခံဆောင်ရွက်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ -

  • ခရီးသည်အနေဖြင့် ရည်ရွယ်ထားသည့် သယ်ယူမှုကို လေကြောင်းလိုင်းသို့ ကြိုတင်အသိပေး အကြောင်းကြားရမည်။
  • ခရီးသည်အနေဖြင့် လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ပိုင်ဆိုင်မှု ရှိရမည်။
  • လက်နက်များကို ကျည်ဖြည့်ထားခြင်း မရှိစေရ။
  • လက်နက်များကို သော့ခတ်နိုင်သော ခရီးဆောင်လက်ဆွဲသေတ္တာတစ်လုံးအတွင်း ထည့်သွင်းသယ်ဆောင်ရမည်ဖြစ်ပြီး ခရီးသည်၏လက်တွင်သာ သော့ကိုထားရှိရမည်။
  • လေယာဉ်ပျံသန်းစဉ်အတွင်း ခရီးသည်များ ဝင်ရောက်ခြင်းမပြုနိုင်သောနေရာတွင်သာ တင်ဆောင်ရမည်။
  • သယ်ယူသည့်လက်နက်များနှင့် စပ်လျဉ်း၍ လေယာဉ်မှူးအား အသိပေးထားရမည်။
  • သွားရောက်မည့် ဒေသရုံးခွဲသို့ E-mail (သို့မဟုတ်) SITA မှတဆင့် သတင်းပေးပို့ အကြောင်းကြားထားရမည်။
  • ဖြစ်နိုင်ပါက ခရီးသည်အနေဖြင့် ခွင့်ပြုချက်တစ်စုံတစ်ရာ လက်ဝယ်ရှိသင့်သည်။