ကန့်သတ်ထားသောပစ္စည်းများ

လုံခြုံရေးဆိုင်ရာအကြောင်းကိစ္စများအတွက် အချို့အရာဝတ္တုများအား လက်ဆွဲဝန်စည်စလယ်တွင် (ထည့်သွင်းသယ်ဆောင်ခြင်းမပြုရန်) တားမြစ်ထားသည် -

  • ေနတ်များ၊ လက်နက်များနှင့် ကျည်ဖူးပစ်လွှတ်နိုင်သော အခြားလက်နက်၊ ကိရိယာများ - ကျည်ဆံထိပ်ဖူးတစ်ခုကို ပစ်လွှတ်နိုင်ခြင်းဖြင့် ပြင်းထန်သောထိခိုက်ဒဏ်ရာကို ဖြစ်စေရန် အသုံးပြုနိုင်သည့်၊ အသုံးပြုနိုင်စွမ်းရှိသည့် (သို့မဟုတ်) အသုံးပြုနိုင်သည်ဟု ထင်ရသည့် လက်နက်၊ ကိရိယာများ
  • လှုပ်ရှားမှုရပ်တန့်သွားစေနိုင်သောလက်နက်၊ ကိရိယာများ - သတိလစ်မူးမေ့စေရန် (သို့မဟုတ်) မလှုပ်ရှားနိုင်စေရန် အထူးပုံစံထုတ်ပြုလုပ်ထားသော လက်နက်၊ ကိရိယာများ
  • ချွန်ထက်သောအရာဝတ္တုများ - ပြင်းထန်သောထိခိုက်နာကျင်မှုကိုဖြစ်စေရန် အသုံးပြုနိုင်သည့် ချွန်ထက်သောထိပ်ဖျား (သို့မဟုတ်) ချွန်ထက်သောအသွားများရှိသည့် အရာဝတ္တုများ
  • လုပ်ငန်းခွင်သုံး ကိရိယာတန်ဆာပလာများ - ပြင်းထန်သောထိခိုက်နာကျင်မှုကိုဖြစ်စေရန် အသုံးပြုနိုင်သည့် (သို့မဟုတ်) လေယာဉ်၏ဘေးအန္တရာယ်ကင်းရှင်းရေးကို ခြိမ်းခြောက်ရန်အသုံးပြုနိုင်သည့် ကိရိယာတန်ဆာပလာများ
  • အသွားတုံးသော ကိရိယာတန်ဆာပလာများ - တစ်စုံတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုရန် အသုံးပြုပါက ပြင်းထန်စွာ ထိခိုက်နာကျင်မှုဖြစ်စေနိုင်သည့် အရာဝတ္တုများ
  • ပေါက်ကွဲနိုင်ပြီး မီးလောင်စေနိုင်သည့် ဒြပ်ဝတ္တုများနှင့် လက်နက်၊ ကိရိယာများ - ပြင်းထန်စွာ ထိခိုက်နာကျင်မှုကိုဖြစ်စေရန် (သို့မဟုတ်) လေယာဉ်၏ဘေးအန္တရာယ်ကင်းရှင်းရေးကို ခြိမ်းခြောက်ရန် အသုံးပြုနိုင်စွမ်းရှိသော (သို့မဟုတ်) အသုံးပြုနိုင်သည်ဟုထင်ရသော အရာဝတ္တုများ
  • နှင့် ပေါက်ကွဲပစ္စည်းများ (သို့မဟုတ်) မီးလောင်စေနိုင်သော လက်နက်၊ ကိရိယာများ
  • အရည်များ၊ မှုတ်ဆေးဘူးများနှင့် အဆီပျစ် (Gel) များ
    မှတ်ချက် - လေယာဉ်ပေါ်တွင် အရည်များသယ်ဆောင်ခြင်းကို အများဆုံး ၁၀၀ မီလီလီတာအထိ ဝင်ဆန့်သောဘူး၊ ပုလင်းများအတွင်း ထည့်သွင်းသယ်ဆောင်ခြင်းကိုသာ ခွင့်ပြုပေးပြီး ခရီးသည်တစ်ဦးလျှင် စုစုပေါင်း ၁ လီတာထက် ပိုမိုသယ်ဆောင်ခွင့်မပြုပေ။

အီလက်ထရွှန်နစ် စီးကရက်များ

အီလက်ထရွှန်နစ် စီးကရက်များ (သို့မဟုတ်) e-cigarette သည် အီလက်ထရွှန်နစ်ကိရိယာတစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သည့် အပြုအမှုကို သရုပ်တူအောင် ပုံစံထုတ်ထားခြင်းဖြစ်သည်။
အီးစီးကရက်သည် ပုံမှန်စီးကရက်တစ်လိပ်၏ အသွင်သဏ္ဍာန်နှင့် လုပ်ငန်းဆောင်ရွက်ပုံ နှစ်မျိုးလုံးတွင် တူညီပုံပေါ်ပြီး ၎င်းအနေဖြင့် မီးခိုးငွေ့နှင့် သရုပ်တူပင် ထွက်ပေါ်စေနိုင်သည်။ သို့ရာတွင် အဆိုပါမီးခိုးငွေ့မှာ အမှန်တကယ်တွင် ရေငွေ့သာဖြစ်သည်။

သာမန်အားဖြင့် အဆိုပါကိရိယာတွင် အဓိကအစိတ်အပိုင်းသုံးခု ပါဝင်လေ့ရှိသည် -

  • ပါးစပ်စွတ်တံ (နီကိုတင်းအရည်ဘူး)
  • အပူပေးအပိုင်း (အရည်ဖြန်းအခန်း)
  • ဘတ္တရီ (အများအားဖြင့် အားပြန်ဖြည့်နိုင်သည့် လီသီယမ်အိုင်းယွန်းဘတ္တရီနှင့် အရောင်ပါအလင်းကို ထုတ်လွှင့်ပေးသည့် အီလက်ထရွှန်နစ် LED စနစ်တစ်ခု ပါဝင်သည်)

အီလက်ထရွှန်နစ် စီးကရက်များကို ဥပဒေအရ တားမြစ်ထားခြင်းမရှိသော်လည်း လေယာဉ်ပေါ်တွင် ၎င်းတို့ကိုအသုံးပြုခြင်းသည် ပြသာနာများဖြစ်ပေါ်နိုင်သဖြင့် MAI လေယာဉ်များပေါ်တွင် ၎င်းတို့ကိုအသုံးပြုခွင့် မပြုပေ။ သို့ရာတွင် အီးစီးကရက်များကို လက်ဆွဲခရီးဆောင်အိတ်/ ပစ္စည်းများတွင် ထည့်သွင်းသယ်ဆောင်နိုင်ပါသည်။

ခရီးဆောင်အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများ

အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများသည် ၎င်းတို့ကိုအသုံးပြုသည့်အခါ လေယာဉ်၏ လေကြောင်းလမ်းညွှန်မှု (သို့မဟုတ်) ဆက်သွယ်မှုစနစ်များကို နှောက်ယှက်မှုများ ဖြစ်ပွားစေနိုင်သည်။ သို့ဖြစ်၍ အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများကို လေယာဉ်ပျံတက်ချိန်နှင့် လေယာဉ်ဆင်းချိန်အတွင်း အသုံးမပြုသင့်ပေ။ ထို့ပြင် အခြားလက်ဆွဲခရီးဆောင်ပစ္စည်းများနည်းတူ စနစ်တကျ ထည့်သွင်းထိန်းသိမ်းထားရှိသင့်သည်။

ကြားဝင်နှောက်ယှက်မှုအန္တရာယ်ကို ရှောင်ရှားနိုင်ရေးအတွက် အောက်ဖော်ပြပါ အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများ၏အသုံးပြုမှုကို အောက်ပါအတိုင်း ကန့်သတ်တားမြစ်သည်သည် -

၁။ အသုံးပြုမှုကို တားမြစ်ထားခြင်းမရှိသည့် အချိန်မရွေးအသုံးပြုနိုင်သော ပစ္စည်းကိရိယာများ

  • အသေးစားလျှပ်စစ်ဓာတ်ခဲစွမ်းအင်သုံး ပစ္စည်းကိရိယာများ
  • နေရောင်ခြည်ဓာတ်ခဲစွမ်းအင်သုံး ပစ္စည်းကိရိယာများ
  • လျှပ်စစ်လက်ပတ်နာရီများ
  • နားကြားကိရိယာ (ဒီဂျစ်တယ်ကိရိယာအပါအဝင်)
  • ပေဂျာ (လက်ခံသီးသန့်)
  • နှလုံးခုန်နှုန်းထိန်းကိရိယာ
  • အခြားအလားတူ ပစ္စည်းကိရိယာများ

၂။ မြေပြင်တွင်သာအသုံးပြုရန် ကန့်သတ်ထားသည့် ပစ္စည်းကိရိယာများ
အသုံးပြုမှုကို လေယာဉ်တံခါးများ အနေအထားနှင့်ဆက်စပ်လျက် ကန့်သတ်တားမြစ်သည်

  • မိုဘိုင်းဖုန်းများ

မိုဘိုင်းဖုန်းများကို လေယာဉ်ရပ်နားထားချိန်နှင့် အနည်းဆုံးလေယာဉ်တံခါးတစ်ချပ် ဖွင့်ထားချိန်မှအပ လေယာဉ်ပေါ်တွင် အသုံးပြုခြင်းကို ခွင့်မပြုပေ။ အကြီးတန်းလေယာဉ်မောင်/ မယ်မှ လေယာဉ်တံခါးများပိတ်သည်နှင့် ချက်ချင်း မိုဘိုင်းဖုန်းများ ဆက်လက်အသုံးမပြုရန် တားမြစ်ကြောင်း အသိပေးကြေညာမည်ဖြစ်သည်။

 

၃။ လေယာဉ်ပုံမှန်ပျံသန်းချိန်တွင် အသုံးပြုရန်ကန့်သတ်ထားသော ပစ္စည်းကိရိယာများ
လေယာဉ်တွင် လက်ဆွဲအီလက်ထရွှန်နစ် ပစ္စည်းကိရိယာအမှတ်အသားနှင့် ဆက်စပ်လျက် အသုံးပြုခွင့်တားမြစ်ကန့်သတ်သည်

  • မိုဘိုင်းဖုန်း (Light mode တွင်သာထားရန်)
  • လက်တော့ပ်နှင့် CD ROM သို့မဟုတ် DVD drives
  • လက်ကိုင်အသေးစားကွန်ပြူတာများ
  • ပရင်တာမပါသော လက်ကိုင်ဂဏန်းတွက်စက်များ
  • အိတ်ဆောင်နားသောတဆင်စရာ ကိရိယာများ (Walkman၊ CDP-Player၊ mini၊ disc-player၊ MP-3 Player)
  • ကွန်ပြူတာဂိမ်း
  • ဗွီဒီယိုကင်မရာနှင့် အသံဖမ်းစက် (ဒီဂျစ်တယ်အပါအဝင်)
  • အချိန်ပြစက်ကဲ့သို့ Display units (ကတ်သုတ်ရောင်ခြည်ပြွန်မှတပါး)
  • လက်ကိုင်တည်နေရာအချက်ပြစက်များ
  • လျှပ်စစ်မုတ်ဆိတ်ရိတ်စက်
  • အီလက်ထရွှန်နစ် ကစားစရာများ (အဝေးထိန်းကိရိယာမပါ)
  • အခြားအလားတူအမျိုးအစား ပစ္စည်းကိရိယာများ

မှတ်ချက် - ခရီးဆောင် အီလက်ထရွှန်နစ် ပစ္စည်းကိရိယာများကို Flight mode (သို့မဟုတ်) Flight Safe Mode၊ off line (သို့မဟုတ်) radio wave Off Mode စသည့် အလားတူအနေအထားမျိုးဖြင့် အသုံးပြုရန် ခွင့်ပြုထားသည်။

၄။ လေယာဉ်အတွင်းအသုံးမပြုရန် တားမြစ်ထားသောပစ္စည်းကိရိယာများ - အသုံးပြုမှုတားမြစ်ထားသည်

  • ရည်ရွယ်ချက်ရှိရှိဖြင့် ရေဒီယိုကြိမ်နှုန်း ထုတ်လွှင့်ပေးနိုင်သည့် ကိရိယာများ
  • စကားပြောစက်များ (ဝေါ်ကီတော်ကီများ)
  • အဝေးထိန်းကိရိယာဖြင့် ထိန်းချုပ်နိုင်သည့် ကစားစရာများ
  • ကတ်သုတ်ရောင်ခြည်ပြွန်ဖြင့် အချိန်ပြစက်ကဲ့သို့ Display units
  • ကြိုးမဲ့ကွန်ပြူတာကိရိယာ (Mouse)
  • ကွန်ပြူတာပရင်တာများ
  • CD-Writer နှင့် mini disk အသံဖမ်းစက် (in recording mode)
  • ကြီးမားသည့် ခရီးဆောင်စတူရီယို
  • အိတ်ဆောင်ရေဒီယို (AM/ FM)
  • TV ဖမ်းစက်
  • အပူချိန်၊ ဖိအားစသည် တိုင်းတာချက်များကို ရေဒီယိုဖြင့် အဝေးသို့ပေးပို့နိုင်သည့်စနစ် ကိရိယာ
  • Blue-tooth ပစ္စည်းကိရိယာများ
  • အခြားအလားတူ ပစ္စည်းကိရိယာအမျိုးအစားများ

၅။ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အစည်းထံမှ ပစ္စည်းတစ်ခုချင်းစီအတွက် ဆုံးဖြတ်ချက်ရယူရန်လိုအပ်သည့် ပစ္စည်းကိရိယာများ (ကန့်သတ်ချက်။ အဆိုပါပစ္စည်းကိရိယာသည် ရည်ရွယ်ထားသည့်လေကြောင်းခရီးစဉ်တွင် တပ်ဆင်ပြသရန်လိုအပ်သည်)

  • လေထဲမှတဆင့် ဗွီဒီယိုဖြင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် စက်ပစ္စည်းတပ်ဆင်မှု
  • အထူးကုန်ပစ္စည်း ဘက်စုံသုံးပစ္စည်းကိရိယာ
  • အထက်ပါ ပစ္စည်းကိရိယာအမျိုးအစားများတွင် တိကျစွာအမျိုးအစားခွဲခြားနိုင်ခြင်း မရှိသည့် အခြားပစ္စည်းကိရိယာများအားလုံး

အထက်ဖော်ပြပါစာရင်းမှာ ပစ္စည်းအမျိုးအစားတစ်ခုအတွင်း ပါဝင်နိုင်သည့် အလားတူပစ္စည်းကိရိယာများ၏ နမူနာများကို ဖော်ပြထားခြင်းဖြစ်သည်။ အကြီးတန်းလေယာဉ်မောင်/ မယ်သည် ခရီးသည်တစ်ဦးမှ အဆိုပါ လျှပ်စစ်ပစ္စည်းကိရိယာများအနက်မှ တစ်မျိုးမျိုးကို အသုံးပြုနေကြောင်း တွေ့ရှိပါက လေယာဉ်မှူးသို့ သတင်းပေးပို့ရမည်။
လေယာဉ်မှူးသည် လေယာဉ်ပျံသန်းမှုမည်သည့်အဆင့်တွင်မဆို ဘေးအန္တရာယ်ကင်းရှင်းရေးအလို့ငှာ လိုအပ်ပါက အီလက်ထရွှန်နစ်ပစ္စည်းကိရိယာ မည်သည့်အမျိုးအစားကိုမဆို အသုံးပြုနေခြင်းအား တားမြစ်မည်ဖြစ်သည်။