လေဆိပ်တွင် လေယာဉ်တက်ရန် စာရင်းပေးသွင်းခြင်း လုပ်ထုံးလုပ်နည်းများ

MAI လေကြောင်းခရီးစဉ်အားလုံးအတွက် လေယာဉ်တက်ရန် စာရင်းပေးသွင်းခြင်းကို လေဆိပ်တွင်ဆောင်ရွက်နိုင်သည်။ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၂ နာရီထိအတွင်း Online မှတဆင့် ထိုင်ခုံနေရာရွေးချယ်နိုင်သည်ကို ဂရုပြုပါ။ အခြားသတိပေးတိုက်တွန်းလိုသည်မှာ လေယာဉ်တက်ရန် စာရင်းပေးသွင်းရမည့် သတ်မှတ်ထားသော နောက်ဆုံးအချိန်ကို အလေးထားပါ။ သတ်မှတ်ထားသည့် ကန့်သတ်ချိန်ကျော်လွန်ပြီးနောက် သင့်အနေဖြင့် သင်၏လေယာဉ်ခရီးစဉ်အတွက် လိုက်ပါရန် စာရင်းမပေးသွင်းနိုင်မည့်အပြင် သင့်ခရီးဆောင်ပစ္စည်းများကိုလည်း အပ်နှံစာရင်းသွင်းနိုင်တော့မည်မဟုတ်ပါ။ လေယာဉ်တက်ရန် စာရင်းပေးသွင်းရမည့် နောက်ဆုံးအချိန်သတ်မှတ်ချက်မှာ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီဖြစ်သည်။

  • လေယာဉ်တက်ရန် စာရင်းပေးသွင်းရသည့်ကောင်တာများ ဖွင့်ချိန်မှာ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂ နာရီခွဲနှင့် ပိတ်ချိန်မှာ မိနစ် ၄၀ အလိုတွင်ဖြစ်သည်။
  • လေယာဉ်တက်ရန် တံခါးပေါက်ဖွင့်ချိန်မှာ လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၁ နာရီ ၁၅ မိနစ်နှင့် ပိတ်ချိန်မှာ ၁၀ မိနစ်အလိုတွင် ဖြစ်သည်။

လေဆိပ်တွင် လေယာဉ်တက်ရန် စာရင်းပေးသွင်းခြင်း 

လေဆိပ်တွင် လေယာဉ်ပေါ်လိုက်ပါရန် စာရင်းပေးသွင်းနိုင်ရေးအတွက် သင်၏ E-ticket (သို့မဟုတ်) လေယာဉ်လက်မှတ် (Paper) ၊ MAI ၏ Booking ရည်ညွှန်းနံပါတ်၊ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံတကာခရီးသွားလာမှုဆိုင်ရာ သက်ဆိုင်သည့်အထောက်အထားများ ယူဆောင်၍ လေယာဉ်တက်ရန် စာရင်းပေးသွင်းသည့် ကောင်တာများသို့ လာရောက်ပါ။ လေဆိပ်ရှိ ကျွန်ုပ်တို့ MAI ၏ ရင်းနှီးဖော်ရွေပြီး ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများက သင့်လေကြောင်းခရီးစဉ်အတွက် သင့်ကို လေယာဉ်တက်ရန် စာရင်းသွင်းပေးလိမ့်မည့်အပြင် သင်သိလိုရာမေးခွန်းများကိုလည်း ကူညီဖြေကြားပေးမည်ဖြစ်ပါသည် -

အထူးသီးသန့်လေယာဉ်တက်ရန် စာရင်းပေးသွင်းခြင်း

Ruby အဆင့်အတန်း အဖွဲ့ဝင်များ

  • အမြန် လေယာဉ်တက်ရန် စာရင်းပေးသွင်းမှု
  • အဖွဲ့ဝင်အနေဖြင့် လေယာဉ်ထွက်ခွာမည့်ရက်မတိုင်မီ အနည်းဆုံး ၁၀ ရက် ကြိုတင်လျက် နေရာ Booking ပြုလုပ်နိုင်သဖြင့် အဖွဲ့ဝင်များအတွက် လေယာဉ်နေရာသည် အမြဲသေချာနေမည်ဖြစ်သည်။

Diamond အဆင့်အတန်း အဖွဲ့ဝင်များ

  • အမြန် လေယာဉ်တက်ရန် စာရင်းပေးသွင်းမှု
  • နေရာရရှိနိုင်မှုနှင့်အညီ အခမဲ့ အဆင့်တိုးမြှင့်ရေးအတွက် ဦးစားပေးမှု

အပ်နှံခရီးဆောင်အိတ်/ ပစ္စည်း

လေဆိပ်တွင် စာရင်းပေးသွင်းသည့် ခရီးသည်များသည် လေယာဉ်တက်ရန် စာရင်းပေးသွင်းသည့် ကောင်တာ၌ ပူးတွဲထားသည့် ခရီးဆောင်အိတ်အမှတ်အသားကတ်များ ရရှိမည်ဖြစ်ပါသည်။ မိမိတို့ Diamond အဆင့်အတန်းအဖွဲ့ဝင်များ၏ ခရီးဆောင်အိတ်များတွင် ကြိုတင်၍ ခရီးဆောင်အိတ်အမှတ်အသားကတ်များကို ချိတ်ဆွဲပေးထားပါမည်။ သင်သွားရောက်မည့်ခရီးစဉ်အတွက် ခရီးဆောင်အိတ်အမှတ်အသားကတ်များ မှားယွင်းမှုမရှိစေရန် သင့်ခရီးဆောင်အိတ်အတွင်းနှင့် အပြင်တွင် သင့်အမည်၊ လိပ်စာနှင့် ဆက်သွယ်ရမည့်နံပါတ်တို့ကို ဖော်ပြထားပါ။ ထို့ပြင် ခရီးဆောင်အိတ်အားလုံးမှ ယခင်အမှတ်အသားကတ်အဟောင်းများအားလုံးကို ဖြုတ်ထားပါ။