MAI ၏ ဒုတိယမြောက် Embraer E190 လေယာဉ်သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည် ကွမ်ကျိုးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ၎င်းလေယာဉ်ကို ရေစင်ရေမန်းများ ဖြန်းပက်ကြိုဆိုခဲ့ကြပါသည်။ အဆိုပါလေယာဉ်သစ်ကြိုဆိုပွဲသို့ MAI လေကြောင်းလိုင်းမှ တာဝန်ရှိလူကြီးများနှင့် အဖွဲ့ဝင်များ၊ မီဒီယာအချို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဤထပ်မံဖြည့်တင်းမှုနှင့်အတူ MAI လေယာဉ်အုပ်စုအင်အားအရွယ်အစားမှာ ယခုအခါ A319 လေယာဉ် ၃ စီး၊ A320 လေယာဉ် ၁ စီးနှင့် E190 လေယာဉ် ၂ စီး ပေါင်း လေယာဉ် ၆ စီး ဖြင့် ရပ်တည်နေပြီဖြစ်သည်။
ယခုကဲ့သို့ Embraer E190 လေယာဉ်အသစ်မိတ်ဆက်ခြင်းနှင့်အတူ လေကြောင်းလိုင်းအနေဖြင့် လေကြောင်းပျံသန်းမှုကွန်ယက်တိုးချဲ့ရေးအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေမည်ဖြစ်ပြီး မြန်မာနိုင်ငံဒေသတွင်းခရီးသွားလာခြင်းဆိုင်ရာကဏ္ဍတိုးတက်မြင့်မားစေရန် ရည်မှန်းချက်ပန်းတိုင်တစ်ခုအဖြစ်လေကြောင်းလိုင်း၏ မဟာဗျူဟာမြောက်အစီအစဉ်များနှင့်အညီ ပိုမိုကောင်းမွန်သည့်ခရီးစဉ်များ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။