MAI မှ ပထမဆုံး Embraer E190 လေယာဉ် ထပ်မံဖြည့်တင်းခြင်း

MAI ၏ ပထမဆုံး Embraer E190 လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၅ မိနစ် အချိန်တွင် ရောက်ရှိခဲ့ပြီး ၎င်းလေယာဉ်ကို ရေစင်ရေမန်းများ ဖြန်းပက်ကြိုဆိုခဲ့ကြပါသည်။ အဆိုပါလေယာဉ်သစ်ကြိုဆိုပွဲသို့ MAI လေကြောင်းလိုင်းမှ တာဝန်ရှိလူကြီးများနှင့် အဖွဲ့ဝင်များ၊ မီဒီယာအချို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဤထပ်မံဖြည့်တင်းမှုနှင့်အတူ MAI လေယာဉ်အုပ်စုအင်အားအရွယ်အစားမှာ ယခုအခါ A319 လေယာဉ် ၃ စီး၊ A320 လေယာဉ် ၁ စီးနှင့် E190 လေယာဉ် ၁ စီး ပေါင်း လေယာဉ် ၅ စီး ဖြင့် ရပ်တည်နေပြီဖြစ်သည်။ လေကြောင်းလိုင်းအနေဖြင့် လေကြောင်းပျံသန်းမှုကွန်ယက်တိုးချဲ့ရေးအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေမည်ဖြစ်ပြီး မြန်မာနိုင်ငံဒေသတွင်းခရီးသွားလာခြင်းဆိုင်ရာကဏ္ဍတိုးတက်မြင့်မားစေရန် ရည်မှန်းချက်ပန်းတိုင်တစ်ခုအဖြစ်လေကြောင်းလိုင်း၏ မဟာဗျူဟာမြောက်အစီအစဉ်များနှင့်အညီ ပိုမိုကောင်းမွန်သည့်ခရီးစဉ်များ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။